NUG News

0 0
Read Time:6 Minute, 15 Second

“တခါလောက်ဖြစ်ဖြစ် လူစိတ်မမွေးနိုင်ကြဘူးလား”လို့ စစ်ကောင်စီကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မေးခွန်းထုတ် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၃၀

 

မင်းအောင်လှိုင်ဦးဆောင်သော စစ်ခေါင်းဆောင်များ၊ စစ်သားများ အနေဖြင့် “တခါလောက်ဖြစ်ဖြစ် လူစိတ်မမွေးနိုင်ကြတော့ဘူးလား” လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မေးခွန်းထုတ်လိုက် သည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဒဏ်သင့် ပြည်သူ လူ ထု အတွက် စိတ်ထိခိုက် ဝမ်းနည်းကြောင်းနှင့် ဝိုင်းဝန်းကူညီရေး အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံ တော် ယာယီသမ္မတ ဒူဝါလရှီးလ၏ တိုက်တွန်းနှိုးဆော်ချက်တွင် ၎င်းက ထည့်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

 

“တတိုင်း ပြည်လုံး ငလျင်ဘေးဒဏ်နဲ့ ကြုံနေရချိန်၊ စိုးရိမ်ထိတ်လန့်မှုနဲ့ ပူပင်သောကတွေ ခံစားနေရ ချိန် မှာကိုပဲ အရပ်သားလူထုကို စစ်ကောင်စီက အကြမ်းဖက် လေကြောင်းတိုက်ခိုက်ခဲ့တာကို အပြင်း အထန် ပြစ်တင် ရှုတ်ချပါတယ်။ တခါလောက်ဖြစ်ဖြစ် လူစိတ်လေး မမွေးနိုင်ကြဘူးလားလို့လည်း မေးခွန်းထုတ်လိုက်ချင်ပါတယ်။” နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မေးခွန်းထုတ်လိုက်သည်။

ပြင်းအား ၇.၇ ရှိငလျင်လှုပ်ခတ်မှုကြောင့် တိုင်းပြည်၏ သာသနိက အဆောက်အဦး၊ အမွေ အနှစ် အဆောက်အဦးများအပါအဝင် လူနေအဆောက်အဦးများ၊ စီးပွားရေးလုပ်ငန်းများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့ပြီး နိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ကြောင်း၊ နိုင်ငံတဝန်းက မြို့ ပေါင်း ၇၀ နီးပါး ငလျင်ဒဏ် ခံစားခဲ့ရပြီး အထူးသဖြင့် နိုင်ငံအတွက် တန်ဖိုးကြီးမားသည့် အမွေ အနှစ်များ တည် ရှိရာ မန္တလေး၊ စစ်ကိုင်း၊ အင်း၀တို့တွင် ပျက်စီးဆုံးရှုံးနေချိန်တွင် စစ်ကောင်စီက ပြည်သူလူထုနေ ထိုင်ရာ ကျေးရွာများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

 

“ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ် ဘုရားစေတီပုထိုး အမွေအနှစ်တွေ ထိခိုက်ပျက်စီးရတဲ့အပြင် အစ္စလာမ်ဘာသာဝင်များရဲ့ ရမဒါန် ဥပုသ်လ ရက်မြတ်အချိန်အခါမှာ အခုလို ဝမ်းနည်းဖွယ်ရာ ဖြစ် ရပ် ဆိုးနဲ့ ကြုံတွေ့ရပြီး ရှေးဟောင်းဗလီတွေ ထိခိုက်ပျက်စီးသွားတာကို တွေ့ရတာဟာလည်း ယူ ကြုံး မရ ဖြစ်ဖွယ်ရာပါပဲ။ ထိခိုက်သေဆုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင် တဦးချင်းစီအတွက်လည်း မိသားစုများနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင် အရေးပေါ်အခြေအနေ ပေါ်လာချိန်တွင် ချက်ခြင်း တိုင်ပင် ဆွေးနွေးကြပြီး အထူးသဖြင့် တော်လှန်ရေးအင်အားစု ထိန်းချုပ် ဒေသတွေက ငလျင် ဘေး ဒဏ်သင့်လူထုကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကူညီနိုင်ရေး လုပ်ငန်းများ ချမှတ် လုပ် ဆောင်နေကြောင်း၊ အလားတူ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ် ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း လိုအပ်နေသည့်လူထုအတွက် ကူညီလုပ်ဆောင်ပေးကြ ရန် နှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

“ကျနော်တို့နိုင်ငံမှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရချိန်တိုင်း ကျနော်တို့လူထုဟာ တဦး ကိုတဦး လက်တွဲ ဖေးကူ ထူမပြီး မတ်မတ် ပြန်ရပ်နိုင်ခဲ့ကြသလို အခုလည်း ပြည်သူ့အား၊ ညီညွတ် မှုအားနဲ့ ဒီဖြစ်ရပ်ဆိုးကြီးကနေ ရုန်းထနိုင်ကြမယ်ဆိုတာ ကျနော့်အနေနဲ့ အနည်းငယ်မျှ သံသယမရှိ ပါ ဘူး။ ဝမ်းနည်းစရာတွေအတွက် ကျနော်တို့ အတူတူ ဝမ်းနည်းကြပါမယ်၊ အတူတူ ပူဆွေး ငိုကြွေး ကြပါမယ်၊ ပြီးတဲ့အခါ အပြန်အလှန် မျက်ရည်သုတ်ပေးကြပါမယ်၊ ပွေ့ဖက် နှစ်သိမ့်ကြပါမယ်၊ ကျ နော်တို့မှာ ကျနော်တို့တွေ ရှိတယ်ဆိုတာ အမြဲ နှလုံးသွင်းကြပါမယ်၊ တယောက်နဲ့တယောက် ကျော ချင်းကပ် ရင်ချင်းအပ်ပြီး ရင်ဆိုင်ကြပါမယ်၊ ပြီးရင် ပြာပုံထဲက ရုန်းထကြပါမယ်၊ နေ့သစ်တွေကို ခွန် အားအပြည့် နဲ့ နှုတ်ဆက်ကြပါမယ်၊ ကျနော့်လူထုကို ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။ ချစ်ခင် လေးစားရသော ပြည်သူလူထုကြီးခင်ဗျား၊ ပြည်သူမှ ပြည်သူသို့ မေတ္တာတရား၊ အကြင်နာ တရား၊ ကရုဏာတရားတို့ကို လက်ကိုင်ထားပြီး ဝိုင်းဝန်းဖေးမကူညီခြင်းအားဖြင့် ဒီကပ်ဘေး ဆိုးကြီးမှ ကျ နော်တို့အားလုံး အတူရုန်းထွက်ကြပါစို့၊ တဦးပေါ်တဦး၊ ယုံကြည်မှု၊ အားပေးမှု၊ နှစ် သိမ့်မှု၊ စုစည်း ညီညွတ်မှုများဖြင့် အတူတကွ ပြန်လည်တည်ဆောက်ကြပါစို့”ဟု နိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။

 

ထို့အပြင် နိုင်ငံတကာမိတ်ဆွေများ၊ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းများအနေဖြင့်လည်း ထိထိ ရောက်ရောက် ကူညီပေးကြရန်၊ ပေးလိုက်သည့် အကူအညီများကိုလည်း လူကြားကောင်းရုံ၊ လူမြင် ကောင်းရုံ၊ နိုင်ငံရေးအရ အသုံး ချခံ ရရုံ သက်သက်အတွက် ဖြစ်မသွားစေဘဲ အမှန်တကယ် လိုအပ် နေ သူများထံ ရာနှုန်းပြည့် ရောက်ရှိစေရန် အရေးကြီးကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *