နိုင်ငံတကာအနေဖြင့် ရာဇဝတ်တရားခံ စစ်ကောင်စီနှင့် ပူးပေါင်းပဲ တော်လှန်ရေးအင်အားစုများထံ ချိတ်ဆက်ကူညီပေးကြပါရန် မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားခရစ္စယာန်လှုပ် ရှားမှု အဖွဲ့ -မကွေးတို့က ပူးတွဲတောင်းဆို
သံလွင်မြန်မာသတင်း
မတ်လ ၃၀
နိုင်ငံတကာအနေဖြင့် ရာဇဝတ်တရားခံ စစ်ကောင်စီနှင့် ပူးပေါင်းပဲ တော်လှန်ရေးအင်အားစုများထံ ချိတ်ဆက်ကူညီပေးကြပါရန် မကွေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားခရစ္စယာန်လှုပ် ရှားမှု အဖွဲ့ -မကွေးတို့က ယန့ မတ်လ ၃၀ ရက်နေ့တွင် ပူးတွဲတောင်းဆိုလိုက်သည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် သဘာဝ ဘေးဒုက္ခကို ခံစားနေရသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများနှင့်အတူ မကွေးတက္ကသိုလ် ကျောင်းသား သမဂ္ဂနှင့် ကျောင်းသားခရစ်ယာန်လှုပ်ရှားမှုအဖွဲ့ – မကွေး (ကျောင်သားခရစ်ယာန် သမဂ္ဂ) မှ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း၊ ကျောင်းသားအင်အားစုများ အနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော မိဘ ပြည်သူများကို “ငါတို့မှာ ငါတို့ပဲ ရှိသည်” ဟူသောစိတ်ဖြင့် အချင်းချင်း ရိုင်းပင်းကူညီခြင်းဖြင့် ကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက်အား တိုက် ကူညီပေးကြပါရန် တိုက်တွန်းထားသည်။
ယနေ့ မြန်မာနိုင်ငံသည် စစ်ဘေး၊ ရောဂါဘေး၊ ရေးဘေး၊ ငလျင်ဘေး စသော သဘာဝဘေး အမျိုးမျိုး ကို မကြာခဏခံနေရသည်ဖြစ်သည့်အတွက် လူထု၏ခံနိုင်ရည်အားမှာကျဆင်းလာ သော်လည်း မိမိ တို့ ရှိသမျှအင်အားဖြင့် ပြန်လည်ရုန်းထရန်လိုအပ်ကြောင်းအရေးကြီးသကဲ့သို့ ယခုလိုခံစားရမှုတိုင်း သည် စစ်ကောင်စီ၏ သဘာဝတရားကို ပျက်စီးစေကာ မိမိကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲခဲ့မှုများ ကို မမေ့မလျော့ဘဲ အဓိကတရားခံနှင့်ရန်သူမှာ စစ်ကောင်စီဖြစ်သည်ကို သတိမပြတ်ရန် အရေးကြီး ကြောင်း အသိပေးထားသည်။
နိုင်ငံတကာအနေဖြင့်လည်း မိမိတို့အား လူသားချင်းစာနာကူညီမှုများပေးရာတွင် ဘေးဒုက္ခခံစား နေရသော ပြည်သူလုထုထံသို့လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီဆောင်ရွက် ပေး နေ ကြသော တော်လှန်ရေးအင်အားစုအသီးသီးနှင့်ချိတ်ဆက်ပြီး လည်းကောင်း ပူးပေါင်း ဆောင်ရွက် ၍ သာ ကူညီပေးစေလိုကြောင်းနှင့် ရာဇဝတ်တရားခံစစ်အစိုးရနှင့် မပူးပေါင်း မဆောင်ရွက်စေလို ကြောင်းထုတ်ပြန်တောင်းဆိုထားသည်။
Photo – စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များ
Thanlwin Myanmar Media