CDM News

0 0
Read Time:2 Minute, 5 Second

နောင်ချို၊တောင်ခမ်းတိုက်ပွဲအတွင်း ဦးဆောင်သူ ဗိုလ်ကြီးသေဆုံးသွားသဖြင့် တပ်သား ၃ ဦး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၃၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတိုက်ပွဲအတွင်းဦးဆောင်သူ ဗိုလ်ကြီး သေဆုံးသွားသဖြင့် တပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း TNLA သ တင်းနှင့်ပြန်ကြားရေးဌာနထံက ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက် ညနေ ၃ နာရီခန့်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ်၊ တောင် ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းမှ တပ်သား ၃ ဦးသည် ၎င်းတို့ကိုင်ဆောင်သော လက်နက် ၃ လက်၊ ခဲယမ်းအပြည့်အစုံဖြင့် တအာင်းတပ်မတော် TNLA တပ်ဖွဲထံ လာရောက်အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ရခြင်းမှာ ၎င်းတို့ကို ဦးဆောင်သည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးသည် တိုက်ပွဲ အတွင်း သေဆုံးသွားခဲ့သောကြောင့် ဦးဆောင်သူမရှိသည့်အတွက် ထွက်ပြေးပြီး အလင်း၀င်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သား ၃ ဦးကို တအာင်းတပ်မတော် TNLA တပ်ဖွဲ့က စစ်သုံ့ ပန်း ဥပဒေနှင့်အညီ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်လည်း သီပေါမြို့အခြေစိုက်တပ်စွဲထားသည့် စစ် ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၀၃ နှင့် ၅၀၄ စခန်းတို့အား တိုက်ခိုက်သိမ်းပိုက်စဥ် ဖမ်းဆီးရမိထားသည့် တပ်မိသာစုးဝင် ၁၉၁ ဦးကို လူသားချင်းစာနာထောက်ထားသောအားဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *