TNLA News

0 0
Read Time:3 Minute, 26 Second

TNLA ထိန်းချုပ်နယ်မြေတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ဘုရားစေတီပုထိုးနှင့်နေအိမ်များ ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ TNLA ထိန်းချုပ်ရာ တအာင်းပြည်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် စေတီပုထိုးများ နေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့မတ်လ မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်က စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင် (ငလျင် အတန်းအစားအရ – ငလျင်ကြီး Major Earthquake) လှုပ်ခတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတိုတွင် သက်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အား ပြင်းသည့် ငလျင် နောက်ထပ်တကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

ယင်းငလျင်လှုပ်ခတ်မှုအတွင်း တအာင်းပြည် နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံတို့တွင် အင်အားပြင်းငလျင်ကြီး၏ သက်ရောက်မှုကြောင့် စေတီပုထိုးများနှင့် နေ အိမ်များ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

 

မြေငလျင်ဒဏ်ကြောင့် မန်တုံမြို့နယ် ဟင်ဟောင်းကျေးရွာရှိ စေတီပြိုကျပျက်စီးခဲ့ပြီး ဆိုင်းလိန် ကျေးရွာနှင့် ထက်ကျက်ရွာရှိ ရှေ့ဟောင်း စေတီနှစ်ဆူလည်း ယိုင်လှဲသွားခဲ့ကြောင်း၊ ထိုအတူ တာပုံ ကျေးရွာရှိ စေတီတစ်ဆူလည်း ထီးတော်မြေခခဲ့ကြောင်း သိရသည်။

 

အလားတူ နမ့်ဆန်မြို့နယ် အနောက်ကင်းကျေးရွာရှိ ရှေ့ဟောင်းစေတီပုထိုးများလည်း ကျိုးကျ ပျက် စီးပြီး အာရမ်းကျေးရွာရှိ စာသင်ကျောင်းလည်း ပျက်စီးခဲ့ကြောင်း၊ ထိုပြင် မိုးကုတ်မြို့ရှိ ပြည်သူ့ ဆေးရုံ နေရာအချို့ ပြိုကျခဲ့မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့ရှိ မိုးမိတ်ရွှေဂူစေတီလည်း ယိုင်လှဲသွားခဲ့သည့်အပြင် အခြားမြို့များတွင်လည်း ငလျင် လှိုင်းရိုက်ခတ်မှုကြောင့် ဘာသာရေးကျောင်း၊ သမိုင်းဝင် အဆောက်အအုံ၊ စေတီပုထိုးအချို့ ပြိုကျ ပျက်စီးမှုများနှင့် လူထု ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

 

ထိုအပြင် အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နိုင်သည့်အတွက် ကြောင့် အန္တရာယ်ရှိသော လုပ်ငန်းနေရာများမှ ခေတ္တရပ်နားထားရန်၊ ယိုင်နဲ့သွားသည့်အဆောက် အအုံများ၊ အထပ်မြင့်များတွင်  ဆက်မနေကြရန်နှင့် မိမိနေထိုင်သည့် အဆောက်အအုံ၊ နေအိမ်များ အက်ကွဲမှုရှိ မရှိ စစ်ဆေးပြီး လိုအပ်လျှင် ကြိုတင်ရွှေ့ပြောင်းကြရန် TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *