Disaster News

0 0
Read Time:5 Minute, 57 Second

နိုင်ငံတကာတိုင်းပြည်များနှင့် အဖွဲ့အစည်း များအနေဖြင့် ငလျင်ဒဏ်ခံစားကြရသော မြန်မာ ပြည်သူလူထုအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးပို့ ကူညီကြပါရန် NUG အစိုးရက မေတ္တာရပ်ခံ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၈

 

နိုင်ငံတကာတိုင်းပြည်များနှင့် အဖွဲ့အစည်းများအနေဖြင့် ငလျင်ဒဏ်ခံစားကြရသော မြန်မာ ပြည်သူ လူထုအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးပို့ ကူညီကြပါရန် NUG အစိုးရက မေတ္တာရပ်ခံလိုက်သည်။

 

ယနေ့မတ်လ ၂၈ ရက် မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ် ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန် အင် အားပြင်းသော ငလျင် (ငလျင် အတန်းအစားအရ – ငလျင်ကြီး Major Earthquake) လှုပ်ခတ်ခဲ့ ကြောင်း၊ အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ဇောက်တိမ် အမျိုး အစားငလျင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင် သက် ရောက်မှုများရှိခဲ့ကြောင်း သိရသည်။

ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝ ဒေသ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အတော်အသင့်အင်အားပြင်း သည့် ငလျင် နောက်ထပ်တကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် အနီးတဝိုက်မြို့များတွင် သာ သနိက အဆောက်အဦ၊ အမွေအနှစ် အဆောက်အဦ များအပါအဝင် အဆောက်အဦများ ပြိုကျပျက်စီး ခြင်း၊ မြေပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းခဲ့ကြောင်း၊ ဘာသာရေးအဆောက်အဦများ ထိခိုက် ခံရမှုသည်လည်း နိုင်ငံ၏ အမွေအနှစ်များ ထိခိုက်ခြင်းဖြစ်၍ အထူးဝမ်းနည်းဖွယ်ဖြစ်ကြောင်း အသိပေးထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူ ကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကို စတင်သက်ဝင်စေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သော လုပ်ငန်းဆောင်တာများ ကို ဌာနအလိုက် အလျင်အမြန် လုပ်ဆောင်ကြရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ပျက်စီးဆုံး ရှုံးမှုများ စာရင်းကို ကောက်ယူစုဆောင်းခြင်း၊ မိမိတို့၏ စိုးမိုးထိမ်းချုပ် နယ်မြေများတွင် ကူညီကယ် ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။

 

ထို့အတူ အခြားငလျင်ဒဏ် ခံဒေသများရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် လည်း အချင်းချင်း စာနာဖေးမကာ အပြန်အလှန် ကူညီစောင့်ရှောက်ကြပါရန် မေတ္တာရပ်ခံထား သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘာဝဘေးဒဏ်ဖြစ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံး ကြရသည့် ပြည်သူတဦးချင်းစီတိုင်းနှင့် မိသားစုများနှင့်ထပ်တူ လွန်စွာ စိတ်ထိခိုက်ရပါကြောင်းနှင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များတွင် ပြည်သူလူထုနှင့်အတူတကွ ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ဆောက်လက်စအဆောက်အဦ ပြိုကျပျက်စီးကာ မြန် မာအလုပ်သမားများအပါအဝင် ဆောက်လုပ်ရေးလုပ်သားများ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာ ရကြသည်ဟု ကြားသိရ၍လည်း များစွာ စိတ်ထိခိုက်ရကြောင်း ဆက်လက် ပြောဆိုထားသည်။

 

နိုင်ငံတကာတိုင်းပြည်များနှင့် အဖွဲ့အစည်း များအနေဖြင့်လည်း ငလျင်ဒဏ်ခံစားကြရသော မြန်မာ ပြည်သူလူထုအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးပို့ ကူညီကြရန် တိုက်တွန်း ဖိတ် ခေါ်ကြောင်း နှင့် ထိုသို့ ကူညီရာတွင် အမှန်တကယ်လိုအပ်နေသည့် ပြည်သူလူထုထံ အသေ အချာရောက်ရှိစေမည့် နည်းလမ်းများကို ရှာဖွေချိတ်ဆက် ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

 

ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော အဆောက်အအုံ အက်ကြောင်းများ၊ မြေလွှာအက်ကြောင်းများကြောင့် ဆက်လက်ပြိုကျနိုင်ခြင်း၊ တာတမံများ ကျိုးပြတ်နိုင်ခြင်း၊ တံတားများ ပြိုကျနိုင်ခြင်းတို့လည်း နောက်ဆက်တွဲ ငလျင်များ နှင့် အတူ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် အထူး သတိပြုစစ်ဆေး၊ နေ ထိုင်ကြရန်နှင့် အထူးသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိ ပြုရန်အချက်များကို လေ့လာဆည်းပူးထားပြီး အသက်အန္တရာယ်မထိခိုက်စေရေးနှင့် ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြရန် နှိုးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *