Sagaing News

0 0
Read Time:3 Minute, 4 Second

ချောင်းဦးမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း ချောင်းဦးမြို့အနီးတွင် စစ်ကောင်စီယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီး တပ်ခွဲထံမှ သိရသည်။

 

မတ်လ ၂၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အက်ဆစ်တင် ကားတန်းအား လုံခြုံရေးယူပေးရန်အတွက် မုံရွာမြို့ နမခမှ ထွက်လာသော သံချပ်ကာ ယာဉ် ၄ စီးပါ ယာဉ်တန်းကို မုံရွာ -မန္တလေးလမ်းမပေါ် ချောင်းဦးမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် သံချပ်ကာ ယာဉ်များကို ထိခိုက်မှုရှိသော်လည်း စစ်သားများ ထိခိုက်သေဆုံး မှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အက်ဆစ်တင်ကားတန်းကို လုံခြုံရေးယူပေးဖို့ နမခကနေ ထွက်လာတဲ့ သံချပ်ကာ ကား ၄ စီးကို ဆွဲ ခဲ့တာ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ မိုင်းက ၃ လုံးတွဲ ပဒေသာ ၁ ပွိုင့်ရယ်၊ ၇ လုံးတွဲ တစ် ပွိုင့်ရယ်ဆွဲခဲ့တာ။ ပြန်ပစ်တာတွေတော့ရှိတယ်။ မိုင်းဆွဲပြီးတော့ တောက်လျှောက်ပဲ၊ နတ်ရေကန် စစ်ဆေးရေးဂိတ်နားအထိ တောက်လျှောက်ပစ်ခတ်သွားတာ၊” မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Nway Oo Brothers Column နှင့် Royal Tigers Force (ဆားးလင်းကြီး) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ဒေသမှာ ပါရာမိုတာနဲ့ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာတွေ တော်တော်များများ ဖြစ်နေတယ် ၊ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမဟုတ်ပဲနဲ့ အရပ်သားပြည်သူတွေကို ထိခိုက် နေတာ၊ တချို့ဒေသတွေက ပေါ့ဆကြတာပေါ့ ၊ ဒါကြောင့် လေကြောင်းအန္တရာယ်သတိရှိကြဖို့နဲ့ ဗုံးခို ကျင်းတွေတူးထားကြဖို့ တိုက်တွန်းချင်တယ်။ ပါရာမိုတာနဲ့တိုက်ခိုက်ခံရလို့ ထိတဲ့ရွာတွေက ဗုံးခို ကျင်းတွေ မတူးထားကြတဲ့ရွာတွေက ထိခိုက်တာများတယ်။” ဟု မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီး တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *