မုံရွာမြို့နယ်၊ တောပုရွာပျူစခန်းကို ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊ လက်ငယ်များဖြင့်တိုက်ခိုက် (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစခန်းကို ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း တောင်ပံနီအထူးပြောက် ကျားတပ်ဖွဲ့ – Salingyi ထံမှ သိရသည်။
မတ်လ ၂၅ ရက် ညနေ ၃ နာရီက မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ ၊ ၈၀ မမ ၊၁၂၀ မမ ၊ ၁၀၇ ရှော့တိုက်ဒုံး၊ လက်နက်ငယ်များဖြင့် အနီး ကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တောပုပျူရွာအတွင်းသို့ လက်နက်ကြီးအဖူးများ ကျရောက်ပေါက်ကွဲပြီး စစ်သား၊ ပျူစောထီးများ ထိခိုက်မှုများရှိနိုင်ကြောင်း၊ စစ်သား ၊ ပျူစောထီးများဘက်ကလည်း လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ၊ တပ်ခွဲ ၃ တောင်ပံနီ အထူးပြောက်ကျားတပ် ဖွဲ့ (Salingyi) ၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ယင်းမာပင်ခရိုင် တပ် ရင်း ၃၅ ၊ တပ်ခွဲ ၃ ၊ တပ်စိတ် ၁ 5/Fighter Group (Monywa) နှင့် SOLO Aung Gyi (Salingyi) တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးကာလအချိန့်ကြာမြင့်လာသည်နှင့်အမျှ ကျည်၊ လက်နက် ၊ ထုတ်လုပ်ရေးစရိတ်များ လို အပ်နေသည့်အတွက် ပြည်တွင်း ၊ ပြည်ပရှိ တော်လှန်ထောက်ပို့မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်း၍ ကူညီထောက်ပံ့ပေးကျပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media