ခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုကို တိုင်းရင်းသားပြည်သူများအားလုံးအကြား ဟန် ချက်ညီညီလက်တွဲဆောင်ရွက်လျက်ရှိပြီး PDF တပ်ဖွဲ့များကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည် သူကို အလေးထားကာကွယ်ပေးသော ဖက်ဒရယ်တပ်မတော်တစ်ရပ် ဖြစ်အောင် ထူထောင်မည်ဟု NUG ပြော
သံလွင်မြန်မာသတင်း
မတ်လ ၂၇
ခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုကို တိုင်းရင်းသားပြည်သူများအားလုံးအကြား ဟန် ချက်ညီညီလက်တွဲဆောင်ရွက်လျက်ရှိပြီး PDF တပ်ဖွဲ့များကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည် သူကို အလေးထားကာကွယ်ပေးသော ဖက်ဒရယ်တပ်မတော်တစ်ရပ် ဖြစ်အောင်ထူထောင်မည်ဖြစ် ကြောင်း NUG အစိုးရက ပြောကြားသည်။
ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၈၀ နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်း အနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။
ယခုအချိန်တွင် တိုင်းရင်းသားပြည်သူလူထု၏ အခွန်ဘဏ္ဍာ ချွေးနည်းစာဖြင့် တည်ဆောက်ထား သည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားကို ကိုယ်ကျိုးအတ္တဖက်ပြီး ညံ့ဖျင်းသည့် အကြမ်းဖက် စစ်အုပ် စု၏ အဓမ္မအာဏာလုယူခဲ့မှုကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် စစ် တပ်အဖြစ်မှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက် ဖျက်ဆီးနေသည့် ဖက် ဆစ် စစ်တပ်အသွင်သို့ ကူးပြောင်းလာခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက နေရာ အနှံ့ တော်လှန်တိုက်ခိုက်နေကြရာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလ ဟူ၍ပင် ရည်ညွှန်းရပေ မည်ဟု ဆိုသည်။
ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ဖက်ဆစ်မိစ္ဆာများကို ရရာနည်းလမ်းဖြင့် တော်လှန် တိုက်ခိုက် ခဲ့ကြသည့် တော်လှန်ရေးဖြစ်စဉ်များအတွင်း အသက်၊ သွေး၊ ချွေးစတေး၍ ပေးဆပ်ခဲ့ကြသည့် တိုင်း ရင်းသား ပြည်သူများအားလုံး၏ စွန့်လွှတ်အနစ်နာခံမှုနှင့် တော်လှန်ရေးသစ္စာအဓိဋ္ဌာန်ကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရ လေးစားဦးညွှတ်ပါကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတိတ်သမိုင်းကာလများ၌ တိုင်းရင်းသား ပြည်သူများအား လုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိမှတ်ပြုမှုတို့ဖြင့် အောင်ပွဲကို ဆွတ်ခူးနိုင် သကဲ့သို့ ယခုခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုအား တိုက်ခိုက်နေကြသည့် ပြည်သူ့ နွေ ဦးတော်လှန်ရေးတွင်လည်း တိုင်းရင်းသားပြည်သူများအားလုံးအကြား ဟန်ချက်ညီညီလက်တွဲဆောင် ရွက်လျက် ရှိပါကြောင်းအသိပေးထားသည်။
မကြာမီကာလတွင် ပြည်သူများအားလုံး အတွက် အောင်ပွဲများဆွတ်ခူးနိုင်ပြီး အသစ်ပြန်လည်တည် ဆောက်မည့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်၍ ပြည်သူကို အလေးထား ကာ ကွယ်ပေးသော ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ထူထောင်နိုင်ရန် မျှော်မှန်းဆန္ဒပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာတွင် ရေးသားထားသည်။
ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့သည့် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ကျူးကျော် နယ်ချဲ့ ဖက်ဆစ်ဝါဒီများအား မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားပြည်သူများအားလုံး၏ သွေး စည်းညီ ညွတ်မှုဖြင့် မြန်မာ့မြေပေါ်မှ အမြစ်ပြတ် တော်လှန်တိုက်ထုတ်ရန် စတင်ခဲ့သည့် ၈၀ နှစ်ပြည့် မြောက် သည့် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည်။
အတိတ်သမိုင်းတွင် မြန်မာပြည်သူလူထုတရပ်လုံး၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ ပိုင်စိုးခွင့် တို့ကို လက်နက်အားကိုးအနိုင်ကျင့်ကာ နယ်မြေချဲ့ထွင်သိမ်းပိုက်ခဲ့ကြသော နယ်ချဲ့ဖက်ဆစ် တပ် များ၏ အဓမ္မဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုများကို နယ်မြေဒေသအသီးသီးမှ တိုင်းရင်းသားပြည်သူများ သည် နယ်မြေအလိုက် သီးခြားစီ တော်လှန်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
နောက်ပိုင်းတွင် စုစည်းညီ ညွတ်မှုအားဖြင့် ပူးပေါင်းတော်လှန် တိုက်ခိုက်မှသာ နယ်ချဲ့တို့ကို အပြီး တိုင် မြန်မာ့မြေပေါ်မှ မောင်း ထုတ် နိုင်မည်ကို သတိပြုမိလာခဲ့ကြကြောင်း၊ ထို့ကြောင့် တိုင်းရင်း သား လူမျိုးစုများအကြား စည်းလုံး ညီညွတ်မှု၊ အပြန်အလှန်ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့ ခိုင်မာစွာတည်ဆောက်၍ လက်တွဲညီ ညီ တွန်းလှန်တိုက် ခိုက်ခဲ့မှုကြောင့် ဖက်ဆစ်နယ်ချဲ့ကိုအောင် မြင်စွာ မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media