ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်၌ PDF တပ်ဖွဲ့ဝင်များ လုံခြုံရေး စစ်ဆေးစဉ် အိမ်စီးကား၊ ရထားခေါင်းတွဲတိုဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲဖြစ်ပြီး ၅ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၇
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်အပိုင် ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်၌ PDF တပ်ဖွဲ့ဝင်များ လုံခြုံရေး စစ်ဆေးနေစဉ် အိမ်စီးကား၊ ရထားခေါင်းတွဲတိုဖြင့် စစ်ကောင်စီတပ်သား များထွက်လာသဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်သည်။
ယနေ့မတ်လ ၂၇ ရက် နံနက် ၆ နာရီက အုတ်တွင်းမြို့နယ် ညောင်ခြေထောက် အပိုင် ၊ ရန်ကုန်-မန္တလေး အမြန် လမ်းဟောင်းပေါ် တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ စစ်ဆင်ရေး နယ်မြေ ၂ ၊ တိုင်း စစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ၂၃ ၊ တပ်ရင်း ၃၅၀၂ စစ်တောင်းစစ် ကြောင်းမှ လုံခြုံ ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် နံနက် ၇ နာရီ ၄၅ ခန့်၌ ညောင်ခြေထောက်အပိုင် ရဲစခန်းမှ အင်အား ၆ ယောက်ပါ အိမ်စီးကား အဖြူရောင် ၁ စီး၊ အင်အား ၁၀ ဦးပါ ရထားခေါင်းတွဲ အတိုဖြင့် (ရထားတွဲပေါ် ဘန်ကာများပြုလုပ်လျက်) စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်လာသဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ကလည်း စစ်ဆင်ရေးနယ်မြေ ၂ အနေဖြင့် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းသစ်၊ ပဲခူး-စစ်တောင်း လမ်းပိုင်းနှင့် မွန်ပြည် နယ် အတွင်းရှိ ရန်ကုန်- မုတ္တမ၊ ရန်ကုန်-ဘားအံ လမ်းပိုင်းများကို နေ့စဥ် ည ၆ နာရီမှ နံနက် ၆ နာရီ အတွင်း သွားလာခြင်း မပြုကြရန် အသိပေးထုတ်ပြန်ထားခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media