Tanintharyi News

0 0
Read Time:2 Minute, 18 Second

တနင်္သာရီမြို့နယ်တွင် အင်အားဖြည့်တင်းရန်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၆

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ၊ ဆီအုန်းကုန်းအနီးတွင် စစ်အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်မြို့နယ်ပကဖထံမှ သိရ သည်။

 

မတ်လ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ စစ်သားအင်အား ဖြည့်တင်းရန် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်း ကား ၈ စီးကို ရမ်းဖိုကျေးရွာ၊ ဆီအုန်းကုန်း အရောက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူးပေါ့၊ ယာဉ်တန်းသွားနေတာဆိုတော့၊ အင်အားက ကား ၈ စီး ဆိုတော့ ၃၅၀ လောက်တော့ပါမယ်။ စစ်ကားက ၁ စီးပဲပါတယ်။ ဆေးပြောင်း၊ အရောင်ပြောင်း ထားတဲ့ အရပ်ဖက်ကားတွေပါတယ်။ တနင်္သာရီ ၊ သိန်းခွန်းရွာဘက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား တွေအထိနာထားတာတော်တောများတယ်။ အဲဒီအတွက် အင်အားဖြည့်ဖို့လာတာပါ ၊ မိဘပြည်သူ တွေအနေနဲ့လည်း တိုက်ပွဲဖြစ်ပွားတော့ စစ်ရှောင်နေရတာရှိပါတယ်။ စစ်ရှောင်နေရတာတော့ ပင် ပန်းတာ ရှိပေးမယ့် အားတင်းထားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု မြိတ်မြို့ နယ် ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်ခရင်းတပ်ဖွဲ့နှင့် တောကြီးမြွေဟောက် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *