ကနီမြို့နယ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနေအိမ်အပါအဝင် ထွေအုပ်ရုံး၊ ရဲစခန်းစသည် တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၂၆
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနေအိမ်အပါအဝင် ထွေအုပ်ရုံး၊ ရဲစခန်း စသည်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးအဖွဲ့က ထုတ်ပြန်သည်။
မတ်လ ၂၃ ရက် မွန်းတည့် ၁၂ နာရီက ကနီမြို့နယ်၊ နတ်ကြီးကျေးရွာ ရေဆိပ်သို့ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဗျူဟာ ၄၅ KLG PDF ဒရုန်းအဖွဲ့မှ တန်ပြန်စစ်ဆင်ရေးအဖြစ် ကနီမြိုပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို Fixed Win ဒရုန်း ၂ စီး အသုံးအပြုကာ ဗုံးသီး ၇ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တန်ပြန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး ဗုံးစ ထိမှန်ကာ အပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း Fixed Wings ဒရုန်း တစ်စီး ပျက် စီးခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၂၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင်လည်း ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ က ကနီမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများပေါ်သို Yellow Cat A2 UAV Drone ဒရုန်းဖြင့် လှည့် ပတ်ပျံသန်းကာ ကင်းထောက်မှု လုပ်ဆောင်ခဲ့သဖြင့် တန်ပြန်စစ်ဆင်ရေးအဖြစ် ကနီမြို့ပေါ်ရှိ အ ကြမ်းဖက်စစ်ကောင်စီတပ် သားများကို ဗျူဟာ ၄၅ KLG PDF ဒရုန်းအဖွဲ့မှ Fixed Win ဒရုန်း ၂ စီး အသုံးပြု၍ ဗုံးသီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင်လည်း ကနီမြို့ပေါ်၌ အထိုင်ချထားသောစစ် ကောင်စီတပ်သားများသည် ကနီမြိုနယ်အရှေ့တောင်ခြမ်းရှိ ကျေးရွာများပေါ်သို့ UAVs ဒရုန်းဖြင့် လှည်ပတ်ပျံသန်းကာ ကင်းထောက်မှု လုပ်ဆောင်သွားသဖြင့် ယင်းစစ်သားများကို ဗျူဟာ KLG PDF ဒရုန်းအဖွဲနှင့်အတူ Chindwin Rocket Brothers- CRB ၊ ချိုမိုင်မိုင် ကနီနယ် ၊ နယ်မြေခံ ပကဖများ ပူးပါင်းကာ Fixed Win ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံး ၊ Rocket လက်နက်ကြီးဖြင့် ၇ လုံး ဗုံးကြဲ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်းအိမ်ယာ၊ ထွေ အုပ် ရုံး၊ စာရင်းစစ်ရုံး ပျက်စီးအထိအခိုက်များရှိပြီး ရဲမေ ၂ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံပြီးနောက် ကနီမြို့စောင့်တပ်မှ မြို့မြောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်း သန်း ပစ်ခတ်ခဲ့သည့်အပြင် ကနီမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှိခဲ့ ကြောင်း သိရသည်။
ယနေ့မတ်လ ၂၆ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော် စစ်ဆေးရုံ ၄/၃၀၀ သို့ ထိခိုက်ဒဏ်ရာရရှိသူများ ပို့ဆောင်ရန် ရဟတ်ယာဉ် အကူခေါ်ခဲ့သော်လည်း နမခ တိုင်း စစ်ဦးစီး ချုပ် ဗမခ ကျော်စွာဝင်း က ရဟတ်ယာဉ်လွှတ်ပေးခြင်းမရှိကြောင်း KLG PDF ကျောက်လုံးကြီးက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Medai