ကျိုက်ထိုမြို့နယ်၊ ရန်ကုန် -မော်လမြိုင်လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စသုံးလုံးတပ်ဖွဲ့မှ အရာရှိ ၃ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးပွဲချင်းပြီး သေဆုံး၊ ၁ ဦးဒဏ်ရာရ
သံလွင်မြန်မာသတင်း
မတ်လ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် -မော်လမြိုင်လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စသုံးလုံးဌာနမှ အရာရှိ ၃ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း PDF တပ်ရင်း ၇၈၀၅ ထံမှ သိရသည်။
မတ်လ ၂၃ ရက် ညနေ ၅ နာရီ ၂၀ မိနစ်က ကျိုက်ထိုမြို့နယ်၊ ရန်ကုန် -မော်လမြိုင် လမ်းမပေါ် ကြာ ဖြူကျေးရွာ ၊ ခမိတ်အစိုးရ ရာဘာခြံအနီးတွင် ခရီးသွားပြည်သူကားများထံမှ ဆက်ကြေးကောက် ငွေ ညှစ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စသုံးလုံးဌာနမှ စုံမှူးအပါအဝင် ၃ ဦး အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကားဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒုစုံမှူး မင်းသူနှင့် လ/ထ စုံမှူး မျိုးသန့်တို့နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး စုံမှူး သူရစိုးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
အဆိုပါ တိုက်ခိုက်မှုကို PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG နှင့် ကျိုက်ထိုမြို့နယ် ပကဖ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည် ။
PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ အနေဖြင့် စစ်အာဏာရှင်စနစ်ကျ ဆုံးသည်အထိဆက်လက် ၍ တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media