International News

0 0
Read Time:4 Minute, 15 Second

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးဖိတ်ကြားမှုကို အပြင်း အထန်ရှုတ်ချလိုက်ပြီး ပြန်ရုတ်သိမ်းပေးရန်တောင်းဆို

 

သံလွင်မြန်မာသတင်း

မတ်လ ၂၆

 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား BIMSTEC ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြား ထားသည့် ထိုင်းအစိုးရဆုံးဖြတ်ချက်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ပြီး ပြန်ရုတ်သိမ်းပေးရန် DEFEND MYANMAR DEMOCRACY က ယနေ့ထုတ်ပြန်သည်။

 

ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်္ဂလား ပင်လယ် အော် ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီး အစည်း အဝေးသို့ မြန်မာအကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားထား သည်ဟု ဆိုသော ထိုင်းအစိုးရ၏ဆုံးဖြတ်ချက်အပေါ် Defend Myanmar Democracy (DMD) အဖွဲ့က အပြင်းအထန် ရှုတ်ချလိုက်ကြောင်း အသိပေးထားသည်။

ထိုသို့ ဖိတ်ကြားမှုသည် မြန်မာပြည်သူများ ဆန့်ကျင်နေသည့် အာဏာသိမ်းကြိုးပမ်းမှုနှင့် ကမ္ဘာ့ အ သိုင်းအဝိုင်းက စစ်အုပ်စုအား ပြစ်တင်ရှုတ်ချနေမှု များရှိနေသည့်ကြားက စစ်ရာဇဝတ်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် မြန်မာ့ဒီမို ကရေစီစနစ် ကို ဖျက်ဆီးမှု များအတွက် အဓိကတာဝန်ရှိသူ မင်းအောင်လှိုင်ကို ထိုင်းအစိုးရက တရားဝင် အသိ အမှတ်ပြု ဆက်ဆံလိုက်ခြင်းလည်း ဖြစ်ကြောင်း ထောက်ပြထားသည်။

 

BIMSTEC အဖွဲ့သည် ဘင်္ဂလားပင်လယ်အော်ဒေသတွင်းရှိ ၎င်း၏အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်း ရေး၊ စီးပွားရေးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးတို့ကို အားပေးကူညီဆောင်ရွက် ပေး သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ASEAN ကထိပ်သီးအစည်းအဝေးများမှ ဖယ်ရှား ထားသော်လည်း၊ BIMSTEC သည် တရားမဝင်စစ်အုပ်စုအား တရားဝင်အသိအမှတ်ပြု ဆက်ဆံနေ သည့်အပြင်၊ ၂ဝ၂၂ ခုနှစ်အတွင်း အဖွဲ့၏ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးရန်အတွက် မင်း အောင်လှိုင်အား ဖိတ်ကြားခြင်းပင် ပြုလုပ်ခဲ့သေးသည်။

 

စစ်ရာဇဝတ်ကောင်အတွက် ကော်ဇောနီခင်း ဖိတ်ခေါ်ကြိုဆိုရန် ထိုင်းနိုင်ငံ၏ လက်ရှိ ဆုံးဖြတ်ချက် သည် သံခင်းတမန်ခင်း လုပ်ဆောင် ခြင်းမဟုတ်၊ ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်ခြင်းသာဖြစ် ကြောင်း၊ ၄င်းသည် မြန်မာပြည်သူများအပေါ်သစ္စာဖောက်ရာ ရောက်စေသလို ဒေသတွင်း တရားမျှ တမှုနဲ့ ဒီမိုကရေစီ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများကိုလည်း ဖျက်ဆီးရာရောက်စေကြောင်း Defend Myanmar Democracy ထောက်ပြပြောဆိုသည်။

 

“ထိုင်းနိုင်ငံဟာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မဖိတ်သင့်ပါဘူး။ သူက အစိုးရ ခေါင်းဆောင်မဟုတ်ဘူး၊ ရာဇဝတ် စစ်အုပ်စုဂိုဏ်းခေါင်းဆောင်ပါ။ သူ့ကို ကော်ဇောနီခင်း ဖိတ်ခေါ် ဂုဏ်ပြုရမယ့်အစား ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုက သူ့အခန်းကဏ္ဍ အတွက် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အတိုင်း အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး သူ့ကိုဖမ်းဆီး သင့်ပါတယ်” ဟု Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ပြောကြား သည်။

 

BIMSTEC နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာရာဇဝတ် စစ်အုပ်စုအား အသိအမှတ် မပြုရန်၊ မင်းအောင်လှိုင်နှင့် ၎င်း၏ကိုယ်စားလှယ်များအား ထိပ်သီးအစည်းအဝေးမှ တားမြစ်ရန် တိုက်တွန်း တောင်းဆိုလိုက်သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *