Poem

0 0
Read Time:1 Minute, 20 Second

ကဗျာကဏ္ဍ “လူ့ဂုဏ်ပျက်ချိန်”

 

ပျိုးကြဲလက်

 

အရာရှိများ ၊ ဂုဏ်ပလွှား၍

ငယ်သားရဲမက် ၊ သရေပျက်သည့်

ပြည်ဖျက်ပွဲတွင် ၊ အာဏာ့ရှင်၏

ဆင်ခြင်မဲ့ငြား ၊ ကျွန်ငနွားတို့

မှတ်သားပါလော့ ၊ သိပါတော့ ။

 

လာဘ်လာဘများ ၊ ရရှိငြားက

ငယ်သားမသိ ၊ အရာရှိတို့

ဖုံးဖိယူငင် ၊ ခိုးပွဲဆင်သည်

အသင်ငတိ ၊ မှတ်သားဘိ ။

 

ဥစ္စာစီးပွါး ၊ ပိုင်ဆိုင်ထားသော်

ငယ်သားမှန်လျှင် ၊ ကျွန်သို့ထင်၍

နှိမ်ချင်ပါဘိ ၊ ဆန်းစစ်ကြည့် ။

 

အပျော်အပါး ၊ ဇိမ်မယ်များနှင့်

အိပ်စားကာမ ၊ နှီးနှောကြလျှင်

ကလူပါဘိ ၊ ကြူပါ၏ ။

 

တာဝန်လွဲချော် ၊ အပြစ်ပေါ်က

အော်သံမစဲ ၊ မြင်ရာဆဲ၍

လွှဲချငယ်သား ၊ ထုတ်ပယ်သွားမည်

မှတ်သားကြလော့ ၊ မှတ်ပါတော့ ။

 

ဝန်ထမ်းရဲမက် ၊ ဘဝဖျက်သည့်

နှစ်သက်မဲ့တုံ ၊ ကျွန့်ဇာတ်ခုံမှ

ကြုံခိုက်ကြုံဆဲ ၊ တော်လှန်ပွဲတွင်

ရဲရဲဘက်ပြောင်း ၊ အောင်စေကြောင်းနှင့်

စုပေါင်းအားတို့ဆောင်ပါလော့ ။

 

(. ကွယ် )

 

ယခုကောင်းစားဖို့အမောင်လာတော့ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *