Mandalay News

0 0
Read Time:2 Minute, 9 Second

မြင်းခြံမြို့နယ်တွင် မီတာကြေးကောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း
မတ်လ ၂၅

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မီတာကြေးကောက်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း JUSTICE WARRIORS FORCE အဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူ အထိုင်စခန်းမှ ကံရွာ ဘက်သို့ မီတာကြေးကောက်ရန် ဆိုင်ကယ် ၃ စီးဖြင့် ထွက်လာသော စစ်သား၊ ပျူ ၅ ဦးကို ပြည်သူ့ ကာကွယ်ရေး ရဲဘော်များက  ဂေါင်းကွဲရွာနှင့် ကံရွာကြားအရောက် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးနှင့် ပျူ ၁ ဦး နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ ကိုင် ဆောင်သော MA-2 အမျိုးအစား သေနတ် ၁ လက် ၊ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်၊ 5.56 ကျည် ၁၆၀ တောင့်နှင့် ဆိုင်ကယ် ၂ စီး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို JUSTICE WARRIORS FORCE မှ ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

သေဆုံးသူများမှာ လေတပ်ထုတ်လုပ်ရေး ပြုပြင်ရေးဌာနမှ စစ်သားနှင့် ဂေါင်းကွဲရွာနေ ပျူခေါင်း ဆောင်အုပ်ချုပ်ရေးမှူးသား ပျူအဖွဲ့ဝင်တို့ဖြစ်ကြောင်း၊ ကျန်သူများမှာ ထွက်ပြေးသွားကြောင်း၊ ထိုသို့ တိက်ခိုက်ခံရပြီးနောက် မြင်းခြံမြို့ပေါ်မှ စစ်ကူကား ၃ စီဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *