Bago News

0 0
Read Time:3 Minute, 43 Second

ကျောက်တံခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁ လက်နှင့်ကျည်ဆံများသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၂၅

 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက်ငယ် ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒို တပ်ရင်း – P29914 ထံမှ သိရသည်။

 

ယနေ့မတ်လ ၂၅ ရက် နံနက်အစောပိုင်း ၂ နာရီ ၂၃ မိနစ်က ကျောက်တံခါးမြို့အနီးရှိ စဉ့်အိုးလဟာ ကျေးရွာ၌ အင်းအား ၅၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထား အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်ကြာ မြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ G-3 အမျိုး အစား သေနတ် ၁ လက်၊ လက်နက်ငယ်ကျည်များနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ် ကောင စီ တပ်က လေယာဥ် ပစ်ကူများ၊ လက်နက်ကြီးများ၊ စစ်ကူများဖြင့် အပြင်းအထန် ခုခံသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အလုံးစုံသိမ်းနိုင်ခြင်းတော့ မရှိပါဘူး။ ၃ ပုံ ၂ ပုံလောက်အထိ သိမ်းနိုင်တယ်။ မိုးလင်းသွားတော့ လေယာဉ်လာပြီးတော့ ပစ်ကူပေးတာကိုလည်း ခံလိုက်ရတော့ ကျနော်တို့ ဆုတ်လိုက်ရတာ။ ဒီညနေ အင်အားတွေ ထပ်ဖြည့်ထားတာရှိပါတယ်။ ဒီစခန်းက ကျောက်တံခါးမြို့နဲ့ အနီးဆုံးစခန်းလို့ ပြောလို့ ရတာပေါ့၊ မြို့နဲ့နီးတဲ့စခန်းဖြစ်တဲ့အတွက် သူတို့တော်တော်ရုန်းကန်တဲ့သဘောတွေ့ရပါတယ်။ လက် နက်ကြီး ၊ လေယာဉ် မြေပြင်အင်အားစစ်ကူပေါ့၊ အဲလိုမျိုးတွေနဲ့ ပြန်တုံ့ပြန်တာမျိုးရှိပါတယ်။” ဟု အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၅ ၊ တိုင်းစစ်ဌာန (ပဲခူး) ၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ အမှတ် ၃၇၀၂  တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ ကာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။

 

“ပြည်သူကိုတိုက်တွန်းချင်တာကတော့ ဘယ်တိုက်ပွဲကိုပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်မှာရှိတဲ့ အနီးနားက ကျေးရွာတွေ၊ အိမ်တွေကို သူတို့က (စကစ)‌ ဖျက်ဆီး၊လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်တာဖြစ်တဲ့ အတွက်ကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတွေ ၊ သေသေချာချာလေးတူးကြဖို့တော့ ကျနော်တို့ဘက်က တော့ ဖြစ်စေချင်တာပေါ့၊ တချို့ပြည်သူတွေကလည်း လိုက်ပါမှုကောင်းပါတယ်။ ဒါပေမယ့် တချို့ ပြည်သူတွေကလည်း ဂရုမစိုက်တာမျိုးတွေ့ရတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်မိသားစု လုံခြံဖို့အတွက် တော့ ဗုံးခိုကျင်းတွေ တူးထားပေးကြဖို့ ပြောချင်ပါတယ်” ဟု အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *