ထားဝယ်မြို့နယ်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော စစ်သားများကို တိုက် ခိုက်မှု ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၄
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်း က ထုတ်ပြန်သည်။
မတ်လ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရား အဝင်မုဒ်ဝ၌ ယာယီတပ်စွဲနေထိုင်ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသော စ စ်ကောင်စီ တပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရက စစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန် အသိပေးတိုက်တွန်းထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သောစစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်း ပေးကြပါရန် ဆက်လက်တိုက်တွန်းဖိတ်ခေါ်ထားသည်။
Thanlwin Myanmar Media