Sagaing News

0 0
Read Time:4 Minute, 10 Second

နမခတပ်အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက် ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၉ ဦးသေဆုံးပြီး ရုံး၊ ရဟတ်ယာဉ်ဂိုဒေါင်၊ အလုပ်ရုံတို့ မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်းရှိ တိုင်းစစ်ဌာန ချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦး အပါအဝင် ၉ ဦးသေဆုံးပြီး ရုံး၊ ရဟတ်ယာဉ်ဂိုဒေါင်၊ အလုပ်ရုံတို့ မီးလောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်သည်။

 

ယမန်နေ့မတ်လ ၂၃ ရက် ည ၉ နာရီ ၄၃ မိနစ် အချိန်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့်တိုက်ခိုက်ခဲ့ရာ ၂ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ အုပ်ချုပ်မှုရုံးမီးလောင်ခဲ့ပြီး အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီး စာရေးများအပါအဝင် အခြားအဆင့်စစ်သည် ၆ ဦးဒဏ်ရာရရှိခဲ့ရာဒဏ် ရာရ စာရေးများထဲမှ စာရေး ၂ ဦး ဒဏ်ရာပြင်းထန်၍သေဆုံးခဲ့ကြောင်း၊ထို့အပြင် ရဟတ် ယာဥ်ရပ် နားထားရှိရာ ဂိုဒေါင်မီးလောင်ခဲ့ပြီး လုံခြုံရေးယူရန်အသင့်စောင့်နေသော တပ်နယ်အသီးသီးမှ အရာ ရှိ/ စစ်သည်အရံစစ်ကြောင်း (၁) မှ အရာရှိ ၁ ဦးနှင့် အခြားအဆင့် စစ်သည် ၆ ဦးသေဆုံးကာ စစ် သည် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ အမှတ် ၈၁ ဆက်သွယ်ရေးအလုပ်ရုံ အတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီး လောင်ခဲ့ပြီး ပုံမှန်ရက်များ၌ နမခ အတွင်းမှ MI 17 စစ်ရဟတ်ယာဥ် ၂ စင်း ပုံမှန်အတက်အဆင်း လုပ်နေကျ ဖြစ်သော်လည်း ယနေ့မတ်လ ၂၄ ရက်နေ့တွင် ၁ စင်းသာအတက်အဆင်းလုပ်သည်ကို တွေ့မြင်နေရ သောကြောင့် ရဟတ်ယာဥ်တစ်စင်းလည်း ထိခိုက်မှုရှိနိုင်(ဆက်လက်စုံစမ်းဆဲ)ကြောင်း BWM က ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ  လက်ရုံးတပ်ဖွဲ့များကို စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့် စစ်ဌာနချုပ်ဖြစ်ပြီး ၎င်းဒေသများ ရှိ ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ် များ၊ စက်တပ်လေထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ် သဖြင့် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး အ တွက် စစ်ကောင်စီ၏ လေတပ်အပါအဝင် အကြီးစားစစ်ရေးအချက်အချာနေရာများကို ပစ်မှတ်ထား ဦးတည်၍ ရည်ရွယ်ချက်တူသော မဟာမိတ်ဖွဲ့များနှင့် လက်တွဲကာ တစိုက်မတ်မတ်ကြိုးစား တိုက်ပွဲ ဝင်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *