Sagaing News

0 0
Read Time:3 Minute, 7 Second

နမခတပ်အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မတ်လ ၂၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်းရှိ တိုင်းစစ်ဌာန ချုပ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ကထုတ်ပြန်သည်။

 

ယမန်နေ့မတ်လ ၂၃ ရက် ည ၉ နာရီ ၄၃ မိနစ် အချိန်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့်တိုက်ခိုက်ခဲ့ရာ ၂ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း သိရ သည်။

“ပစ်မှတ်ဆီကို အတတ်နိုင်ဆုံး ၊ အနီးဆုံး ချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်း နေဆဲပါ။ သိရရင် ထပ်ပြောပေးပါမယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ  လက်ရုံးတပ်ဖွဲ့များကို စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့် စစ်ဌာနချုပ်ဖြစ်ပြီး ၎င်းဒေသများ ရှိ ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ် များ၊ စက်တပ်လေထီးများဖြင့် ဗုံးကြဲ သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ် သဖြင့် ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး အ တွက် စစ်ကောင်စီ၏ လေတပ်အပါအဝင် အကြီးစားစစ်ရေးအချက်အချာနေရာများကို ပစ်မှတ်ထား ဦးတည်၍ ရည်ရွယ်ချက်တူသော မဟာမိတ်ဖွဲ့များနှင့် လက်တွဲကာ တစိုက်မတ်မတ်ကြိုးစား တိုက်ပွဲ ဝင်နေမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *