NUG News

0 0
Read Time:2 Minute, 4 Second

မတူကွဲပြားမှုတွေရှိပါစေ တစ်ခုတစ်စည်းတည်းဖြင့် ဘုံရန်သူစစ်အာဏာရှင်ကို ချေမှန်ုးရမည်ဟု နိုင်ငံခြားရေးဝနကြီး ဒေါ်ဇင်မာအောင်က ပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၄

 

မတူကွဲပြားမှုတွေရှိပါစေ ဘုံရန်သူ စစ်ကောင်စီကို တစုတစည်းတည်းဖြင့် ချေမှုန်းရမည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။

 

မတ် ၂၃ ရက်နေ့က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ရုံး၌ ကျင်းပသည့် “နိုင်ငံရေး ဆွေးနွေးပွဲ ၂၀၂၅”တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေး ပန်းတိုင်တွေ၊ နိုင်ငံရေး အယူအဆတွေ ဒါတွေကလည်း အရေးကြီးတယ်။ အထူးသဖြင့် တော်လှန်ရေးကို တော်လှန်ရေးပန်းတိုင်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိနေဖို့လိုတယ်။ စစ် ကောင်စီပြုတ်ကျဖို့ ဘယ်လို အတူတကွ အလုပ်လုပ်ကြဖို့မလဲ၊ ဘယ်လို မတူကွဲပြားမှုတွေကို ပေါင်း စပ်ညှိနိုင်းကြဖို့လဲ။ တချို့ဟာတွေလည်း တူတာတွေကို တွဲလုပ်လို့ရတယ်။ မတူတဲ့ကိစ္စတွ ကိုလည်း ဘယ်လိုခွဲလုပ်ကြမလဲ။ အဲလိုလုပ်တဲ့အခါမှာ မိတ်ဆက် ပဋိပက္ခတွေကို ရှောင်ပြီးတော့မှ ဘုံရန်သူကို ချေမှုန်းနိုင်ဖို့အတွက် တစ်စုတစည်းတည်းဖြစ်ကြမယ်ဆိုလို့ရှိရင် ဒီတော်လှန်ရေးက မြန်မြန် အောင် မှာပေါ့” ဟု နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။

 

ယင်းဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ်ရုံးမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်ဆွေး နွေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *