NUG News

0 0
Read Time:4 Minute, 12 Second

တော်လှန်ရေးခရီး ၄ နှစ်အတွင်း အရေးကြီးသည့် ရလဒ် ၃ ခုပိုင်ဆိုင်ထားပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၄

 

တော်လှန်ရေးခရီး ၄ နှစ်တာကာလအတွင်း အရေးကြီးသည့် ရလဒ် ၃ ခု ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

မတ်လ ၂၂ ရက်နေ့က ပြုလုပ်သည့်  ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျနော်တို့တော်လှန်ရေးဘယ်ရောက်နေပြီလည်း ပြန်ကြည့်တဲ့အခါမှာ ဒီကနေ့အထိဆိုရင် အရေး ကြီး ရလဒ် ၃ ခု လက်ဝယ်ရရှိခဲ့ပြီလို့ သုံးသပ်ပါတယ်၊ ပထမ ရလဒ်ကတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တစ်ခုကို ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့ ခိုင်ခိုင်မာမာထူထောင်ရပ်တည်နိုင် လာ ခဲ့အချက်ပါ။ ကျနော်တို့လူတွေဟာ အရင်လို ခြေမဲ့လက်မဲ့မဟုတ်တော့ဘူး။ လက်နက်ကိုင် ဗိုလ် ကျ အနိုင်ကျင့်အကြမ်းဖက်တိုင်း လည်စင်းခံရမယ့် ပြည်သူတွေမဟုတ်တော့ဘူး။ ပြည်သူတွေကို ကာ ကွယ်ပေးမယ့် တပ်မတော်တစ်ရပ် ဒီကနေပေါ်ပေါက်လာပြီဆိုတာက တော်လှန်ရေးရဲ့ အရေးကြီး တဲ့ ရလဒ်တစ်ခုလို့ ပြောလို့ရပါတယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် ၇၅ ရာခိုင်နှုန်းကျော် စိုးမိုးထိန်းချုပ်ထားကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တနိုင်ငံအတိုင်း အတာဖြင့် စစ်ရေးလှုပ်ရှားနိုင်လာခဲ့ပြီဖြစ်ပြီး ယခင်စစ်ရေးလှုပ်ရှားမှုအားနည်းခဲ့ သည့် ဒေသများတွင်လည်း တိုးမြှင့်လှုပ်ရှားနိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။

 

“ဒုတိယ ရလဒ်အနေနဲ့ကတော့ တော်လှန်ရေးအဖွဲ့တွေရဲ့စိုးမိုးထိန်းချုပ်နယ်မြေတွေ လွတ်မြောက် နယ်မြေတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့အနှံ့အပြား ပေါ်ပေါက်လာတဲ့အချက်။ ဒါကလည်းတော် လှန်ရေးရဲ့ အရေးကြီးတဲ့ ရလဒ်တစ်ခုလို့ ပြောလို့ရပါတယ်။ ကျနောတို့မှာ စိုးမိုးထိန်းချုပ်နယ်မြေ တွေလည်းရှိတယ်။ လုံးဝလွတ်မြောက်ပြီလို့ ဆိုနိုင်တဲ့နယ်မြေတွေလည်းရှိတယ်။ ဒါကလေည်းတော် လှန်ရေးရဲ့ အရေးကြီးတဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။” NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

 

ထို့အပြင် ဒေသအလိုက် စစ်ကောင်စီကင်းရှင်းသွားကာ လွတ်မြောက်နယ်မြေများ၊ လွတ်မြောက် သည့် မြို့ရွာများ ဖြစ်ရန်လက်ရှိကြိုးပမ်းကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တော်လှန် ရေး ခရီး ၄ နှစ်နီးပါးရှိလာချိန်တွင် မည်သို့ရလဒ်ဖော်ဆောင်ထားနိုင်သည်ကို စဉ်းစားသုံးသပ်ကြည့် ရန် လိုကြောင်း ဆက်လက်ပြောဆိုသည်။

 

“တတိယရလဒ်ကတော့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးတော့မှ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ထူးထောင်လည်ပတ်လာနိုင်တဲ့ ကိစ္စ၊ ဒီအချက်ကလည်း အင်မတန်အရေးကြီးပါတယ်။ စစ် ရေးနဲ့ အုပ်ချုပ်ရေးဆိုတာကလည်း ဒွန်တွဲနေရတဲ့ကိစ္စပါ။ စစ်ရေးအရ စိုးမိုးထိန်းချုပ်နိုင်ပြီဆိုရင် ဒီနယ်မြေမှာ အာဏာလေဟာနယ်မဖြစ်ဖို့ အရေးကြီးတယ်၊ အုပ်ချုပ်ရေး လေဟာနယ်မဖြစ်ဖို့ အရေး ကြီးလိမ့်မယ်၊ အဲဒီအတွက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားထူထောင်လည်ပတ်ဖို့ဆိုတာကလည်း အမျိုး သားညီညွတ်ရေးအစိုးရအနေနဲ့ ကော၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အနေနဲ့ကော နယ်မြေ ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ကြရတာဖြစ်ပါတယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ရှင်းပြသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *