ပုဂံ- ညောင်ဦးလမ်းပိုင်းတနေရာတွင် ပျူ ၂ ဦးဖမ်းမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၄
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ – ညောင်ဦးလမ်းပိုင်းတနေရာတွင် ပျူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့ရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ထံမှ သိရ သည်။
မတ်လ ၂၃ ရက် နံနက် ၁၀ နာရီခန့်က ညောင်ဦးမြို့နယ် ၊ ပုဂံ -ညောင်ဦးလမ်းမတနေရာ၌ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရှောင်တခင် စစ်ဆေးခဲ့ရာ ထန်တပင်ရွာနေ ပျူဇော်မြင့် နှင့် ဆူးပုဒ် ကုန်းရွာနေ ပျူ အောင်စိုးဝင်း တို့ကို သက်သေခံ စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရရှိသည့် ပျူ ၂ ဦးကို စစ်ဆေးမေးမြန်းရာ ၎င်းတို့ ၂ ဦးအပြင် ကျော်မျိုးလင်းဆိုသူနှင့် ကပစ ၂၁ မှ ကျည်အတောင့် ၅ သောင်းကို ပခုက္ကူမြို့၊ တပ်မ ၁၀၁ သို့ ပို့ဆောင်ကာ ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံထွက်ထားကြောင်း Bagan Bo Cho PDF တပ်ဖွဲ့က ပြောဆိုထားသည်။
၎င်းတို့အား ဖမ်းဆီးပြီး ခေါ်ဆောင်ရန် ပြုလုပ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ခုခံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုကို Bagan Bo Cho PDF နှင့် မဟာမိတ်တပ်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ညောင်ဦးမြို့နယ်နှင့် ချောက် မြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို အလေးထားလိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media