ပခုက္ကူမြို့နယ်၊ အင်ပင်ရွာစစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံး မှုရှိ
သံလွင်မြန်မာသတင်း
မတ်လ ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား များ ထိခိုက်သေဆုံးမှုရှိကြောင်း Pakokku People Defense Force (PPDF) ထံမှ သိရသည်။
ယမန်နေ့မတ်လ ၂၂ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်တပ်အထိုင်စခန်းကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ နေထိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး စစ်သား များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ရခြင်းမှာ စစ်တပ်စခန်းအတွင်း၌ အင်အားများထပ်မံတိုးမြှင့်ထားသဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကိုPakokku People Defense Force – PPDF ၊ Young Force – UG နှင့် Burma Revolution Rangers ( BRR ) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media