Sagaing News

0 0
Read Time:1 Minute, 54 Second

စစ်ကိုင်းမြို့ပေါ်တွင် ကင်းပတ်နေသော ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

 

သံလွင်မြန်မာသတင်း

မတ်လ ၂၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ကင်းပတ်နေသော ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၁ ရက် ည ၉ နာရီ ၂၀ မိနစ်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေမင်းဝံ ၊ ပတ္တမြား ၊ နီလာဦးရပ်ကွက်တို့ မှ ပျူစောထီးများသည် ကား တစ်စီးဖြင့် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းမပေါ်တွင်ကင်းပတ်နေစဉ် ဆွမ်း ချက်ရပ်စာသင်ကျောင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားရှေ့ပိုင်းထိမှန်ခဲ့ပြီး ကားပေါ်ပါ ပျူ စောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ကားပေါ်မှာက ပျူစောထီး ၅ ယောက် ၆ ယောက်လောက်ပါမယ်။ ဆွဲတုန်းကတော့ တစ်စီးတည်းပဲ၊ ခနနေတော့ နောက်ကနေ ကား ၂ စီးထပ်ရောက်လာတယ်။ အသေအပျောက်ကတော့ ရှိနိုင်တယ်။ အတိအကျသိရဖို့ကတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပါပဲ၊ ထိမှန်တဲ့ ကားအင်ဂျင်အဖုံးကတော့ မိုင်းဆွဲတဲ့နေရာမှာ ကျကျန်နေခဲ့တယ်” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *