NUG News

0 0
Read Time:5 Minute, 11 Second

ရခိုင်၊ ကရင်၊ မန္တလေး၊ မကွေးနှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်က ဆေးရုံဆေးခန်းများကို ပစ်မှတ် ထားတိုက်ခိုက်မှုကြောင့် ၂ လအတွင်း ဆေးတပ်သား ၂ ဦးအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၂၃

 

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီ တပ်က ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားကာလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဖေဖော်ဝါရီလ နှင့်မတ်လအတွင်း ဆေးတပ်သား ၂ ဦးအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မတ်လ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ကပ်သပြေကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ဆေးရုံအဆောက်အအုံများ အပါအဝင် နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

မတ်လ ၈ ရက်နေ့က ကရင်ပြည်နယ်၊ ထောတထူးမြို့နယ်၌ Free Burma Ranger (FBR) အဖွဲ့မှ ဆေးတပ်သား (medic) များက ဒဏ်ရာရပြည်သူများကို ဆေးကုသမှုပေးနေစဉ် အကြမ်းဖက်စစ် ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးတပ်သား ၁ ဦး နေရာတွင် ကျဆုံးခဲ့ပြီး ဆေး တပ်သား (၂) ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ၂ ဦး အနက် ဆေးတပ်သား နော်ဆေးမူးဖော၊ အသက် (၂၅) နှစ်သည် ရရှိခဲ့သော မီးလောင်ဒဏ်ရာများဖြင့် မတ်လ ၁၀ ရက်နေ့တွင် ကျဆုံးသွားကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကျေးလက်ကျန်းမာရေးဌာန ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံ၊ သင်တန်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ထိ ခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

မတ်လ ၃ ရက်နေ့ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘောင့်ဘင်ကျေးရွာရှိ ဆေးခန်းကို ပစ်မှတ် ထား၍ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှာ အချိန်မီရှောင်တိမ်းနိုင်၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၌ ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော People’s Healthcare Network (Kalay) ၏ တောင်ပိုင်းတိုက်နယ်ဆေးရုံအား အကြမ်းဖက်စစ်ကောင်စီက တစ်လအတွင်း ဒုတိယအကြိမ် လေ ကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုသည် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ များအား အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နေစဉ် လေကြောင်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးစေတနာ့ဝန်ထမ်း ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ တောင်ပိုင်းတိုက်နယ်ဆေးရုံအား အကြမ်းဖက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် နှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင် ပိုင်းရှိ People’s Healthcare Network (Kalay) ၏ Medical Centre (4) အား လေကြောင်း တိုက် ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများသည် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူများအား အရေးပေါ်ခွဲစိတ်ကုသမှုများ ဆောင်ရွက်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အရပ်သားပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ စိုးမိုးနယ်မြေ တစ်နေရာရှိ “ရွှေတောင်ကြား တော်လှန်ရေးဆေးရုံ” အား အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုမရှိခဲ့သော်လည်း People’s Healthcare Network (Kalay) ၏ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *