Poem

0 0
Read Time:1 Minute, 51 Second

ကဗျာကဏ္ဍ “ရဲဘော် ရွှေဂျူး”

 

မိုးထက်ဇော် (ပုံတောင်သား)

 

ရဲဘော်ရွှေဂျူး ၊ သည်နွေဦးမှာ

 ခွင့်ထူးမယူ၊ ထောက်ပို့ကူ၍

 သူမတူအောင် ၊ ထမ်းရွက်ဆောင်သည်

 အောင်မြင်စေကြောင်းတို့ဆုတောင်း။

 

တိုင်းပြည်အရေး၊ တော်လှန်သွေးမို့

စွေးစွေးနီးမြန်း ၊ သူမျှော်မှန်းသည်

ရွှင်လန်းကြ၍ ပျော်စေကြောင်း။

 

ထောက်ပို့ရာတွင် ၊ သူကျွမ်းကျင်သည်

 မြေပြင်ဖြန့်ထား၊ တပ်ဖွဲ့များထံ

 အပ်ငြားပါဘိ ၊ လျင်မြန်ဘိ။

 

ထောက်ပို့ပြည်သူ ၊ ယုံကြည်မူ၍

ထိုသူငါတို့ ၊ ဆက်သွယ်ပို့သော်

တို့တို့တိတိ ၊ သတိရှိလျှက်

ကိုယ်ဖိရင်ဖိ ၊ စောင့်ရှောက်၏ ။

 

မိစ္ဆာမျိုးယုတ် ၊ အမြစ်ပြုတ်ဖို့

ထုတ်လှူသလေ၊ မတွေဝေပဲ

သူလေထောက်ပို့ စွမ်းပါဘိ။

 

ထောက်ပို့ရွှေဂျူး ၊ အာဏာရူးကို

 ကြောက်ဒူးတုန်စေ ၊ ရဲဘော်တွေနှင့်

ရေမြေမခြား ၊ မကွဲပြားဘဲ

တသားတည်းရှိ ၊ ထူးပါ၏ ။

 

စီဒီအမ်လည်း ၊ ကူညီဆဲတည့်

အမြဲလိုအင် ၊ ဖြည့်ဆည်းချင်သည်

ခင်မင်မေတ္တာ ထားနိုင်သူ။

တွင်တွင်ပစ်ခွါမသွားနိုင်သူ ။

 

ထောက်ပို့ရဲဘော်၊ ကူကြနော်ဟု

နှိုးဆော်သမှု ၊ အစဉ်ပြုလျှက်

ယခုလက်ငင်း ၊ စာရင်းရှင်း၍

ပွင့်လင်းဘိသော် ၊ ပွဲတိုင်းကျော်လျှက်

ရဲဘော်ရွှေဂျူး ၊ တပ်တော်ဦးမှာ

ဂုဏ်ထူးပါဘိ ၊ ထူးပါ၏ ။ ။

 

မိုးထက်ဇော် (ပုံတောင်းသား)

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက် ည ၉ နာရီ ၁၇ မိနစ်

မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် “ရဲဘော် ရွှေဂျူး” နှင့် တကွ ထောက်ပို့ ရဲဘော်အားလုံးကို ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *