Magway News

0 0
Read Time:3 Minute, 35 Second

ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ၄၀၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရ

 

သံလွင်မြန်မာသတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး လူဦးရေ ၄၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း ယော အ လင်းတန်းထံမှ သိရသည်။

 

မတ်လ ၁၈ ရက် ည ၁၁ နာရီခန့်မှစ၍ ဂန့်ဂေါ မြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ အနီးရှိ ကျေးရွာ များကို စစ်ကောင်စီတပ်က အင်အား ၁၂၀ ခန့် ဖြင့် မြို့တောင်ဖက်ရှိ ပျားရွာ၊ အောင်မြင်ရွာ (ရှောက် ပင်) ၊ အနောက်ဂန့်ဂေါရွာ ၊ရှုံးရှီရွာ စသည့်ရွာများကို စစ်ကြောင်းထိုး ၀င်ရောက်ကာ ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းကာ ပြုလုပ်ကာ အောင်မြင်ရွာ(ရှောက်ပင်)ကျေးရွာ၌ အထိုင်ချ၍ ဘန်ကာ များ အခိုင်အမာတည်ဆောက်နေကြောင်း သိရသည်။

 

“ရွာသူရွာသားတွေကိုဖမ်းထားတယ်၊ အထိုင်စခန်းတည်ဆောက်နေတာ၊ တောထဲကနေ သစ်တွေ ဘာတွေလုပ်ခုတ်ပြီးတော့ နောက်ကနေ ကားနဲ့လိုက်ပို့တာ။ ဘန်ကာက ၄ နေရာဆောက်နေတာ လို့တော့ သိရတယ်။ ဘယ်နေရာတွေဆောက်နေလဲတော့ မသိဘူး။ အဲဒီနေက စစ်ရေးအရ အရေး ပါတဲ့ နေရာ ၁ ခုပါ၊ အဲဒီနေရာက ပိတ်လိုက်ရင် ကလေးတောင်ပိုင်းနဲ့ချင်းပြည်နယ်တစ်ခုလုံးကို ကုန်သွယ်ရေးဖြတ်တောက်နိုင်တဲ့နေရာဖြစ်နေတဲ့အတွက် စခန်းတည်ဆောက်နေတာဖြစ်မယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အောင်မြင်ကျေးရွာ (ရှောက်ပင်)ကျေးရွာသည် ဂန့်ဂေါ – မင်းရွာလမ်းပိုင်း ၊ ဂန့်ဂေါ -အိုက် ကား လမ်းပေါ်တွင် တည်ရှိပြီး အချက်အခြာကျနေသည့်နေရာဖြစ်နေသည်အတွက် တော်လှန်ရေး အဖွဲ့များအပြင် စစ်ကောင်စီအတွက် အရေးပါသောနေရာဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် အောင်မြင်ရွာ (ရှောက်ပင်)၊ လုံခြုံရွာ၊ အနောက်ဂန့်ဂေါကျေးရွာ၊ ပိတောက်ကုန်း ရွာ၊ ပျားရွာ စသည့် ကျေးရွာများရှိ ပြည်သူ ၄၀၀၀ ၀န်းကျင် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင် နေရ ကြောင်း သိရသည်။

 

ယနေ့ မတ်လ ၂၂ ရက် နံနက် ၈ နာရီ ၃၈ မိနစ်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ နှမ်းခါးကျေးရွာ ဆေး ခန်းကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲ ဖြစ်ကြောင်း သိရသည်။

 

ဂန့်ဂေါခရိုင်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက် ပြီး လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လူစု လူဝေးဖြစ်စေသည့် အလှူပွဲ၊ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်ပွဲများ မပြုလုပ်ကြရန် ဒေသအကျိုးပြုအဖွဲ့အ စည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *