Karenni State News

0 0
Read Time:3 Minute, 43 Second

ဘောလခဲမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဗိုလ်မှူး မျိုးမင်းသူ အပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မတ်လ ၂၂

 

ကရင်နီပြည်၊ ဘောလခဲမြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေး စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်မှ ဗိုလ်မှူး မျိုးမင်းသူအပါအဝင် စစ်သားအများပြားသေဆုံးကာ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိထားကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အ တည်ပြုပြောကြားသည်။

 

မတ်လ ၁၉ ရက်နေ့မှစ၍ ဘောခဲမြို့ရှိ လက်ကျန်တပ်ရင်းစခန်း ၃ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိရာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး မျိုးမင်းသူ အပါအဝင် စစ်သားအများအပြားသေဆုံးကာ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

“စတာကတော့ တစ်ပတ်လောက်ရှိတယ်။ စာရင်းဇယားတော့ မပို့လားသေးဘူး။ ဒါပေမယ့် သေဆုံး ၊ ဒဏ်ရာရထားတာ၊ လက်နက်ခဲယမ်းတစ်ချို့လည်း သိမ်းဆည်းရရှိထားတယ်၊ အတိအကျတော့ မရ သေးဘူး။ ဆက်သွယ်ရေးအခက်အခဲဖြစ်လို့၊ သူသူငါငါချနေကြတော့ ပို့ဖို့ကလည်း အချိန်မရသေး ဘူး။ တိုက်ပွဲကဆက်ဖြစ်နေတယ်၊ရအောင်လုပ်မယ်လေ။အပြီးသိမ်းလိုက်မယ်၊ မဟုတ်ရင်ရှုတ်တယ်၊ ကျနော်တို့က အကိုင်းလိုက်ဖြတ်တော့ စစ်ရေးကြာတယ်လေ၊ အခုက ပင်ရင်းဖြတ်လိုက်မလို့။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။

 

ဘောလခဲဗျူဟာတွင် စစ်ကောင်စီတပ်က တပ်ရင်း ၃ ရင်းအထိုင်ချထားပြီး ရဟတ်ယာဉ်ဖြင့် စစ်အင် အားများလည်း ထပ်မံဖြည့်တင်းထားကြောင်း၊ ထို့ကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ် ကြောင်း သိရသည်။

 

“ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရတာရှိတယ်။ တချို့ကျတာလည်းရှိမယ်၊ ဒါပေမယ့် အ သေး စိပ်ကတော့ မရသေးဘူး။ ကျနော်တို့က စစ်ကြောင်း ၃ ကြောင်းနဲ့ တက်နေတယ်။ ဝိုင်းပြီးတော့ ဖြတ် ဖို့အလုပ်လုပ်နေပါတယ်။ အဲဒါကတော့ ဘယ်အချိန်ပြီးမလဲ မသိဘူး။ ရှားတော ကျတော့ တစ် လ နီးပါးလောက်ကြမှ ပြီးတယ်လေ။ ရှားတောဗျူဟာက၊ အခုဘောလခဲဗျူဟာကတော့ တပ်ရင်း ၃ ရင်း ထိုင်ထားတာကိုး။ တပ်ရင်း ၃ ရင်းဆိုတော့ လူများမလား၊ လူတော့သိပ်မရှိတော့ဘူးထင်တယ်။ ဒါပေမယ့် ဟတ်စကီးနဲ့လာချတာတော့ရှိတယ်ပေါ့၊ ဒါပေမယ့် ဒီနောက်ပိုင်းတော့ မလာနိုင်တော့ ဘူးထင်တယ်။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

 

စစ်ကောင်စီတပ် ဗျူဟာစခန်းမှ ပြည်သူလူထုနေထိုင်ရာရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းခတ်မှုရှိသောကြောင့် ဘောခဲမြို့နေ ပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *