NUG News

0 0
Read Time:2 Minute, 55 Second

ပြည်သူများမှ အားကိုးတကြီးဖြင့် တိုင်ကြားတင်ပြမှုကို ခပ်မြန်မြန်ဖြေရှင်းပေးရန် NUG ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

 

သံလွင်မြန်မာသတင်း

မတ်လ ၂၁

 

ပြည်သူများမှ အားကိုးတကြီးဖြင့် တိုင်ကြားတင်ပြမှုကို ခပ်မြန်မြန်ဖြေရှင်းပေးရန် NUG ၊ ပြည်ထောင် စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောဆိုသည်။

 

မတ်လ ၂၀ ရက်နံနက် ၁၀ နာရီက ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၁၁/၂၀၂၅ တွင်  ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပုံမှန်ကာလများကဲ့သို့ အမိန့်၊ ညွှန်ကြားချက်များနှင့် ပြတ်ပြတ်သားသားဆောင်ရွက်၍ ရသည့် အခြေအနေမျိုး မဟုတ်ကြောင်း၊ လုပ်ချင်သလို လုပ်၍ လည်း မရကြောင်း၊ စိတ်ရှည်ရှည်ဖြင့် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ကာ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း အသိပေးထားသည်။

“တိုင်ကြားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလည်း ပြည်သူတွေဘက်ကပဲဖြစ်ဖြစ်၊ မြို့နယ် တာဝန် ရှိသူတွေဘက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဗဟိုအစိုးရဆီကို အားကိုးတကြီးနဲ့ တိုင်ကြား တင်ပြမှုတွေကို ခပ်မြန်မြန်ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ တိုင်ကြားစာယန္တရားကို တိုက်တွန်းလိုပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၀/၂၀၂၅) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များ နှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ် များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာ ရပ်နားခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *