မြိုင်မြို့နယ် ၊ ကန်နီပျူတွင် ကင်းစောင့်နေသော ပျူစောထီးတစ်ဦးကို စနိုက်ပါဖြင့် တိုက်ခိုက်မှု မျှော် စင်ပေါ်မှ ပြုတ်ကျသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာတွင် ကင်းစောင့်နေသော ပျူစောထီး ၁ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) ထံမှ သိရသည်။
မတ်လ ၁၉ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာ၌ မျှော်စင်ပေါ်တွင် ကင်းစောင့် နေသော ပျူစောထီး ၁ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ချောင်းမြောင်းပစ် ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်၍ မျှော်စင်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း သိရသည်။
Photo – စနိုက်ပါ ပစ်ခတ်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး
“စနိုက်ပါနဲ့ပဲ ပစ်ပြီး ပြန်ဆုတ်လာတာ၊ အပြန်အလှန်ပစ်ခတ်ကတော့ သူတို့ဘက်ကတော့ ပစ်တယ်၊ ကိုယ့်ဘက်ကတော့ နည်းနည်းပဲ ပစ်ပြီး ပြန်ဆုတ်လာတာ၊ မျှောစင်ပေါ်က တစ်ကောင်ကိုပဲစနိုက်ပါနဲ့ ပစ်ချပြီး၊ ပြုတ်ကျလာတာနဲ့ သူတို့ဘက်ကလည်း အင်အားက သာလာတာနဲ့ ပြန်ဆုတ်လာတာ။ ကျ နော်တို့ဘက်က ရဲဘော်တွေအားလုံး အန္တရယ်ကင်းပါတယ်” ဟု MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို MPLမြောက်ပိုင်းဇုန် (မြိုင်-ပကဖ) ၊ မန်ကျည်းရိပ်ကိုရဲ ပကဖ ၊ ကိုဂတုံး တိုက် နယ်-၄ ပကဖ ၊ သပြေတော ပကဖ နှင့် ကိုလီယို Eagle Brigade တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media