မင်းလှမြို့နယ်၊ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၁
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းတာဆုံစစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက် ခိုက် ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ပြီး စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။
ယမန်နေ့ မတ်လ ၂၀ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က မင်းလှမြိုနယ်၊ စစ်ကွင်းမြို့၊ အုတ် တွင်း ကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်း ဘေး၌ အထိုင်ချ တပ်ဆွဲထားကာခရီးသွား ပြည်သူများ ထံမှ ဖမ်းဆီးငွေညှစ်နေသည့် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၇ ဦးသေဆုံးကာ ၆ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံး ဒဏ်ရာရစစ်သားအလာင်းများကို ကောက်ယူကာ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ထိုကြောင့် ဂိတ်စခန်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ပြီး ကာဘိုင် သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံးအဆောင်တချို့ နှင့် ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းကာ ဂိတ်စခန်း ကို မီးရှို့ခဲ့သော်လည်း အနည်းငယ်သာ လောင်းကျွမ်းသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များ မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန် ပစ်ခတ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မတ်လ ၂၁ ရက်နံနက် ၁၀ နာရီခန့်တွင် ယင်းစစ်ဆေးရေး ဂိတ်အား ပြန်လည် ဝင်ရောက် လာပြီး ဘန်ကာအတွင်း နေရာယူသည့် စစ်ကောင်စီတပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီ ထောက် တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့ အနီး သွားလာနေထိုင် ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အသိပေးထားသည်။
Thanlwin Myanmar Media