မြောင်မြို့တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး နေအိမ် ၄ လုံးမီးလောင်ပျက်စီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၂၀
စစ်ကိုင်းတိုင်း၊ မြောင်မြိုတွင် တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး၊ လက် နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး နေအိမ် ၄ လုံးမီးလောင်ပျက်စီးခဲ့ ကြောင်း CDSOM ဗိုလ် စင်္ကြာစစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ မတ်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က မြို့ပြင်သို့ ထွက်ခွာလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်သားများ အထိနာပြီး ရဲ စခန်းအတွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း၊ ထိုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက် လံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ကင်းပုန်းထွက်တယ်ဆိုလို့ သွားပစ်ရင်းနဲ့ သူတို့နဲ့ ထိပ်တိုက်တွေ့ပြီးဖြစ်တာ၊ သူတို့က စခန်းထဲအထိဝင်ပြေးသွားလို့ စခန်းထဲအထိလိုက်ပစ်တာ၊ အဲဒီအချိန်မှာ စခန်းသိမ်းမယ်မှတ်ပြီးတော့ စစ်တပ်လေထီးတွေရော ၊ အင်အားတွေရော လာချတာ၊ သေဆုံးမှုကတော့ မသိရသေးဘူး၊ ထိခိုက် တာ တော့ရှိတယ်။” ဟု CDSOM ဗိုလ် စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို CDSOM ဗိုလ်စင်္ကြာစစ်ကြောင်း၊ MRF စားဖို တပ်ဖွဲ့ ၊ Hero ပြောက်ကျားတပ် ဖွဲ့ ၊ မြောင်မြို့မတိုက်နယ် ပကဖ ၊ တပ်ရင်း ၁ ၊ တပ်ခွဲ ၃ ၊ Ms Brother ၊ TGR တပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ညနေ ၃ နာရီခွဲခန့်တွင် မုံရွာမြို့အခြေစိုက် နမခ တပ်မှ တက်လာ သော စက်တပ်လေထီးဖြင့် မြောင်မြို့၊ တောင်ရပ်အတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ည ၁၀ နာရီခွဲခန့်တွင် ထပ်မံ၍ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးထပ်မံမီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်စ ထိ မှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မတ်လ ၂၀ ရက် နံနက် ၅ နာရီမှစ၍ မြောင်မြို့မရဲစခန်းအတွင်း အထိုင်ချထားသော စစ် ကောင်စီတပ်သားများကလည်း အနီး နားကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ ရာ ပြည်သူ အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက် ခိုက်မှုများကြောင့် မြောင်မြို့ပေါ်နှင့်အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများမှာ ဘေး လွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“မနေ့က ညနေ ၃ နာရီခွဲလောက် နမခက နေ တက်လာတဲ့စက်တပ်လေထီးနဲ့ ဗုံးကျဲချတာ၊ နေအိမ် ၃ လုံးမီးလောင်တယ်။ ည ၁၀ နာရီကျော် လောက်ရောက်တော့ တစ်ကြိမ်လာကျဲချတယ်၊ အဲဒီမှာကနေ အိမ်တစ်လုံးလောင်တယ်။ အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းထိတာ၊ ဒဏ်ရာပြင်းထန်တယ်၊ မနက် ၅ နာရီခွဲ၊ ၆ နာရီလောက်ကနေ စပြီး မြောင်စခန်းထဲကနေ လက်နက်ကြီးနဲ့ ပစ်နေတာ၊ အမျိုးသား ၂ ဦး သေပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရထားတယ်၊ အခုလည်း ပစ်နေတုန်းပဲ၊ ပြည်သူတွေ အနေနဲ့တော့ စစ် ကောင်စီနဲ့ဝေးရာမှာ နေထိုင်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။” ဟု CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာ က ပြောဆိုသည်။
ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်က မြောင်မြို့ဝင်ပေါက်များဖြစ်သည့် မြောင်လမ်းခွဲအထိုင် စခန်းမှ အင်အား ၁၅၀ ခန့်ဖြင့် မြောင်မြို့ပေါ်သို့ ဝင်ရောက်နေပြီး ခြေတော်ရာ ကျေးရွာတွင်လည်း တစ်ဖွဲ့တပ်စွဲထားကြောင်း သိရသည်။
Thanlwin Myanmar Media