AA News

0 0
Read Time:8 Minute, 54 Second

ရန်ကုန်မြို့တွင် AA နှင့် ပတ်သက်ဆက်နွယ်သည့် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိသည်ဟု စစ်ကောင်စီ၏ စွပ်စွဲချက်သည် စစ်ရှုံးနေသဖြင့် ရှက်ရမ်း ရမ်းကာ အငြိုးအတေး ကြီးစွာဖြင့် နိုင်ငံရေးထိုးနှက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် တုန့်ပြန်

 

သံလွင်မြန်မာသတင်း

မတ်လ ၂၀

 

ရန်ကုန်မြို့တွင် AA နှင့်ပတ်သက်ဆက်နွယ်သည့် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိသည်ဟု စစ်ကောင်စီ၏ စွပ်စွဲချက်သည် စစ်ရှုံးနေသဖြင့် ရှက်ရမ်းရမ်းကာ အငြိုးအတေး ကြီးစွာဖြင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် – AA က တုန့်ပြန် ပြောဆိုလိုက်သည်။

 

မတ်လ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၄၄ ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ် ၅၄၆/၅၄၇ ရှိ ဂိုဒေါင်တွင်  အာရက္ခတပ်တော် AA စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်းနှင့် ဇနီး ဖြစ်သော ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့်တို့က စီမံခန့်ခွဲပြီး မလေးရှားနိုင်ငံကို ပို့ဆောင် ရန်ပြင်ဆင်နေသည့် ငွေကျပ် ၉၆ ဘီလျံကျော် တန်ဖိုးရှိတဲ့ အိုက်စ် (မက် သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလိုနှင့်အတူ မူးယစ်ကုန်ကူးအဖွဲ့ကို ဖမ်းဆီးရ ရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

 

ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီ၏ စွပ်စွဲချက်ဖြစ်သော “မူးယစ်ဂိုဏ်းတစ်ခုမှ မူး ယစ်ဆေးဝါး ဖမ်းမိသောကိစ္စရပ်ထဲတွင် မိမိတို့အဖွဲ့အစည်းအား မဆီမဆိုင် အတင်းယိုးစွပ်သည့် စွပ်စွဲ ချက်” သည် ယုတ္တိလုံးဝမရှိသည့်အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း၊ ထို့ အပြင် ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီသည် မိမိတို့အဖွဲ့အစည်းအား စစ်ရေးအရ ရှုံးနိမ့်နေသည့်ကာလဖြစ်သည့်အပြင် ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအလယ်၌ အ ရှက်ရ နေသောအချိန်လည်း ဖြစ်နေသောကြောင့် ရှက်ရမ်းရမ်းကာ မိမိတို့အဖွဲ့အစည်းအား အငြိုးအ တေးကြီး စွာဖြင့် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ရှုမြင်သုံးသပ်မိပါကြောင်း အရက္ခတပ်တော – AA က တုန်ပြန့်သည်။

မူးယစ်ဆေး ဖမ်းဆီးမှုဖြစ်စဉ်တွင်သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ) ပေါင် ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်ဆိုသည့် လူငါးဦးကို မော်တော်ယာဉ် ၃ စီးနှင့်အတူ ဖမ်းဆီးရရှိခဲ့ ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင် နေထိုင်သည့် တင်မောင်ဝင်း ၏ ကွပ်ကဲမှုနှင့် သန်းလွင်ဆိုသူက သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ တစ်ဆင့်ပြန်လည်ရောင်းချနေသည့် ဟိန်းစည်သူ(ခ)ဇော်ဇော်အောင် (ခ) အောင်ကိုကို(ခ) ထင်လင်း ပြည့်နှင့် တင်လှ(ခ)စသစ်တို့ကိုလည်း ဖမ်းဆီးထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

 

ထို့ပြင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး၊ ရွှေကောင်းသာ စက်လှေနှင့် မလေးရှား ပင် လယ်ပြင်ကို တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုးကို လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်စပ်သူ မျိုးမင်းစိုး(ခ)ကိုမျိုး၊ ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင်နှင့် ဇော်ဇော်အောင် တို့ကို လည်း ဆိပ်ကြီးခနောင်တိုတွင် ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အာရက္ခတပ် တော် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်းနှင့် ဇနီး မသီတာမြင့်တို့က တန့်ယန်း၊ တောင် ကြီး၊ မန္တလေးနှင့်ရန်ကုန်မြို့တို့တွင် ကိုယ်ပိုင်ဂိတ်များ ရှိပြီး ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီး ပိုင်ဆိုင် ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

 

လက်ရှိအချိန်၌ ဖက်ဆစ်အကြမ်းဖက် စစ်ရာဇဝတ်တပ် စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံး အနှံ့ အပြား၌ စစ်ရေးအရအရေးပါသော တိုင်းစစ်ဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ တပ်မ၊ တပ်ရင်းဌာနချုပ် များ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေသည့်အချိန်တွင် ဤကဲ့သို့သော မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် အတင်း ဆက်စပ်ပြီး သတင်းရေးသားထုတ်ဝေနေသည်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/ AA) ကို နိုင်ငံရေး အောက်လုံးများဖြင့် အချိန်ကိုက်ထိုးနှက်တိုက်ခိုက်သော လုပ်ရပ်၊ နိုင်ငံရေး သိက္ခာချသောလုပ်ရပ်ဖြစ်သည့်အပြင် ၎င်းတို့ အထင်အရှားကျူးလွန်နေသော ပြစ်မှုများကို မိမိတို့ အ ဖွဲ့အစည်းအပေါ် အပြစ်လွှဲချသောလုပ်ရပ်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့်ဖက်ဆစ်အကြမ်းဖက် စစ် ကောင်စီ၏ မူးယစ်ဆေးဝါးဖမ်းမိသည့် ကိစ္စနှင့် အတင်းဆက်စပ်ပတ်သက်နေသည်ဟူသော စွပ်စွဲ ချက်မှာ မည်သို့မျှ ဆက်စပ်မှုမရှိသည်ကို အခိုင်အမာ ပြောကြားလိုက်ကြောင်း အာရက္ခတပ်တော် – AA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စများအပြင် ခေတ်သစ် အွန်လိုင်း လိမ်လည်လောင်းကစား ကျားဖျန့် ကိစ္စများမှာ အကြမ်းဖက်အုပ်စု ဖက်ဆစ် စစ်ကောင်စီ၏ ထိန်းချုပ်ထားသော နေရာများ (နေပြည် တော်၊ ရန်ကုန်၊ မန္တလေး)၊ စစ်ကောင်စီမှ ခေတ်အဆက်ဆက် လက်သပ် မွေးထားသော ပြည်သူ့စစ် များ ကြီးစိုးထိန်းချုပ်ရာ နယ်မြေများနှင့် အကျင့်ပျက် အဂတိလိုက်စား လာဘ်ပေးလာဘ်ယူ စစ်ဗိုလ် ချုပ်ကြီးများ ပိုင်ဆိုင်သောနေရာများတွင်သာ အဓိကတွေ့ရလေ့ရှိကြောင်း၊ ဤလောင်းကစား၊ မူးယစ် ဆေးဝါး ကိစ္စရပ်များအားလုံးတွင် ခြစား၊ လာဘ်စား စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ၏ ပါဝင်ပတ်သက် နေမှုများရှိနေပြီး ၎င်းတို့၏ လက်ချက်များသာ ဖြစ်ကြောင်း၊ ဤသည်ကို ငြင်းမရသော သက်သေ အ ထောက် အထားများမှ သက်သေခံ လျက်ရှိသည်မှာ ကမ္ဘာသိပင်ဖြစ်ကြောင်း အရက္ခတပ်တော်- AA က အသိပေးထားသည်။

စစ်အစိုးရ (တစ်နည်းအားဖြင့်) စစ်အာဏာရှင်အစိုးရအဆက်ဆက်တို့သည် ၎င်းတို့အား ခေတ်အ ဆက်ဆက်တွင် တော်လှန်ပုန်ကန်နေကြသူများကို ညှိနှိုင်းဆွေးနွေးရန်မလိုသော ရန်ဘက်များအဖြစ် သတ်မှတ်ပြီး စစ်ရေးအရ ကြီးမားသော တုံ့ပြန်မှုမျိုးနှင့်အတူ သတင်းအမှားအမျိုးမျိုးဖြင့် လုပ်ကြံဖန် တီးတိုက်ခိုက်ခဲ့ကြောင်း၊ နိုင်ငံရေးအရ ယိုးစွပ် တိုက်ခိုက်မှုမျိုးပေါင်းစုံကို ၎င်းတို့၏ သတင်းမီဒီ ယာ၊ ရုပ်သံများမှ ထုတ်လွှင့်ပြသ၍ တိုက်ခိုက်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ် သည်ဟု ဆိုသည်။

 

ဥပမာအားဖြင့် – ကရင် (KNU)၊ ကချင် (KIO)၊ ကိုးကန့် (MNDAA) အစရှိသော တော်လှန်ရေး လက် နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများပြင်းထန်နေသောကာလများ၌ဆိုလျှင် မည်သည့်ကိစ္စကို မဆို ဤအဖွဲ့အစည်းများအပေါ် အပြစ်ပုံချကာ ယိုးစွပ်ထိုးနှက်တိုက်ခိုက်သော ဖြစ်ရပ်များ၊ တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ၎င်းတို့ စစ်ရေးအရ အ ရေးနိမ့်နေသောအချိန်များတွင် နိုင်ငံရေးအောက်လုံး၊ ထိုးနှက်ချက်၊ သိက္ခာချမှုများကို အချိန်ကိုက်ပြု လုပ်လေ့ရှိသည်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတစ်ဖြစ်လဲ စစ်အစိုးရအဆက်ဆက်၏ လုပ်နေ ကျအကျင့်နှင့် လုပ်လေ့လုပ်ထရှိသော နိုင်ငံရေး ယုတ်မာမှုပင်ဖြစ်ကြောင်း အာရက္ခတပ်တော် -AA က ဆက်လက်ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *