Read Time:35 Second
ကဗျာကဏ္ဍ “အမေ့လက်ရာ”
ပျိုးကြဲလက်
ဟင်းခါးရည် ပူပူလေးက
မွှေးပျံ့လို့ ရနံ့ကြွယ် ။
အမေ့လက်ရာ မုန့်ဟင်းခါး
ကျော်ကြားလှတယ် ။
ကြက်သွန်နီ ငှက်ပျောအူနု
အိုးဘဲဥနဲ့ ငါးငဖယ်
စားရင်တကယ် ဆွေမျိုးမေ့ ။
နံနံငရုတ် သံပရာနဲ့
ငံပြာရည် အကြော်စုံစွက်လို့
ရှက်ပြုံးတွေ ကိုယ်စီဖုံးအောင်
သုံးဆောင်ပါလေ့ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက် ညနေ ၃ နာရီ ၄၃ မိနစ်
Thanlwin Myanmar Media