NUG ၊ EAO ၊ Local မခွဲခြားပဲ တော်လှန်ရေးလုပ်နေသူများအားလုံးကို နည်းပညာပိုင်း ကူညီ ရန် အသင့်ရှိဟု Federal Wings အသိပေး
သံလွင်မြန်မာသတင်း
မတ်လ ၁၈
NUG ၊ EAO ၊ Local မခွဲခြားပဲ စစ်အာဏာရှင်တော်လှန်ရေးလုပ်နေသူများ အားလုံးကို နည်းပညာပိုင်း ကူညီရန် အသင့်ရှိကြောင်း Federal Wings က ယနေ့မတ် ၁၈ ရက်နေ့ တွင် ထုတ်ပြန် အသိပေးထား သည်။
Federal Wings တပ်ဖွဲ့သည် ကရင်ပြည်နယ်တွင် အခြေစိုက်ထားပြီး Fixed Wings ၊ Drone ၊ Jammer ၊ ကျည်ကာဦးထုပ် စသည်တို့ကို ထုတ်လုပ်နေသည့်အပြင် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
“NUG လား ၊EAO လား ၊ Local လား ၊ နာမည်စုံ ဘယ်လိုတပ်တပ် စကစ ကို တိုက်နေတာမှန်ရင် Federal Wings အနေနဲ့ နည်းပညာပိုင်းအရ ကူဖို့ညီဖို့ အသင့်ရှိပါတယ်။ Federal Wings ရဲ့ နည်း ပညာတွေဟာ စကစကို ရှေ့တန်းကနေ အသေခံတိုက်ကြရတဲ့ ဘယ်ခေါင်းစဉ်အောက်က တော်လှန် သူရဲ့ အသက်ကိုမဆို ချွေတာပေးနိုင်ဖို့အတွက် အဓိကရည်ရွယ်ခြင်းသာဖြစ်ပါတယ်။ အခြား ဘယ်လို ရည်ရွယ် ချက်မှမရှိပါ။” ဟု Federal Wings တပ်ဖွဲ့က ပြောဆိုထားသည်။
Federal Wings နှင့်လက်တွဲပါက အကြမ်းဖက်စစ်ကောင်စီလေတပ်ကဲ့သို့ ကျင့်ဝတ်ဖောက်ဖျက်ကာ ပြည်သူလူထုအပေါ် ဗုံးကြဲတိုက်ခိုက်မိခြင်းမျိုးမပြုလုပ်မိစေရန် အရေးကြီးကြောင်း အသိပေးထား သည်။
“Federal Wings နဲ့လက်တွဲတဲ့အခါ အထူးပူးတွဲဆောင်ရွက်ပေးရမယ့်အရာတစ်ခုရှိပါတယ်။ အဲ့ဒါက တော့ စကစ လေတပ်လိုမျိုး လူသားကျင့်ဝတ်ဖောက်ဖျက်တဲ့ ဗုံးကြဲတိုက်ခိုက်မှုမျိုးတွေနဲ့ အလား သဏ္ဌာန်တူတဲ့ တိုက်ခိုက်မှုမျိုးတွေကို လုံးဝမပြုလုပ်မိစေဖို့ပဲဖြစ်ပါတယ်။ တော်လှန်ရေး စစ်သည် တော်တွေကို စကစ လက်နက်ကိုင်လူ့ဘီလူးတွေနဲ့ တန်းအညှိမခံနိုင်ပါ။” ဟု ဆက်လက်ပြောဆိုထား သည်။
Thanlwin Myanmar Media