Chin State News

0 0
Read Time:3 Minute, 18 Second

ချင်းပြည်နယ်တွင် ၂ လအတွင်း စစ်တပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၃၀ ခန့်သေဆုံး၊ စစ်သုံ့ပန်း ၂၀ ခန့်နှင့် လက်နက် ၈၀ ခန့်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၈

ချင်းပြည်နယ်၊ CNA နှင့်ဒေသန္တရကာကွယ်တို့၏ တိုက်ခိုက်မှုကြောင့် ၂ လအတွင်း စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ခန့်ဖမ်းမိကာ လက်နက် ၈၀ ခန့်သိမ်းဆည်းရရှိခဲ့ကြောင်း CNF/CNA က ထုတ်ပြန်သည်။

 

မတ်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက် တွင်ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

 

၂၀၂၅ ခုနှစ်၊ ၂ လတာအတွင်း ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တာရကာကွယ်ရေးတပ်ဖွဲ့သည် စစ်ကောင်စီ၏ စခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ရာ ရန်သူ့ အင်အား ၃၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ သည့် အပြင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့လက်နက် ၈၀ ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။

ချင်းလဲန်းအတွင်း စစ်ကောင်စီကင်းစင်ရေးနှင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက် ရောက်မှုမှန်သမျှအဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက် တွဲပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

 

၂ဝ၂၅ ခုနှစ် မတ်လ ၂ဝ ရက်နေ့သည် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ် ကြောင်း၊ တော်လှန်ရေးတွင် အသက်ပေးလှူသွားကြသည့် အာဇာနည်များအား ဦးညွတ် ဂါရဝပြုပါ ကြောင်းနှင့် ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားကြသည့် သူရဲကောင်းများ၊ စွန့်လွှတ်ပေးဆပ် အ နစ်နာခံသည့် ပြည်သူများအပေါ်လေးစားဂုဏ်ပြုပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ချင်းအမျိုးသားတပ်ဦးသည် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံရေးတမန်ရေး လှုပ်ရှားမှု အရှိန် ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့တွင် အကျဉ်း သား ၇၂ ဦး အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရသည်။

 

အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် ပြည်သူများဆုံးရှုံးခဲ့သော လူမှုဘဝ ပြန်လည် ထူ ထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများ၊ စေတနာရှင်များမှ ပံ့ပိုးကူညီကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *