War Crime News

0 0
Read Time:3 Minute, 50 Second

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၂ နှစ်အတွင်း အကြိမ်ပေါင်း ၂၂၀၀ နီးပါးရှိပြီး ကလေးသူငယ် ၃၇၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၂ နှစ်အတွင်း အကြိမ်ပေါင်း ၂၂၀၀ နီးပါးရှိပြီး ကလေးငယ်သူပေါင်း ၃၇၅ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

 

၂၀၂၃ ခုနှစ် မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ NUG အစိုးရ ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီး ဌာနက မှတ်တမ်းတင်ထားသော အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သား ပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ကြောင်း ၊ ထိုသို့ တိုက် ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း ၃၇၅ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

​အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ် များ အပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်ပြီး အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် ပေးရ မည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု ၆ မျိုးတွင် အပါ အဝင်ဖြစ်သည့် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်သည့် အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ချိုးဖောက်လျက်ရှိကြောင်း ဆက်လက်ပြောဆိုထားသည်။

 

​နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာစံချိန် စံနှုန်း များ၊ နိုင်ငံတကာစာချုပ်များကို ပြင်းထန်စွာချိုးဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုအား နိုင်ငံ တကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများမှ အမြန်ဆုံး ထိရောက် စွာ အရေးယူဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးနှင့် ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးများကို ကြိုးပမ်းလုပ်ဆောင်နေသော နိုင်ငံများအား တိုက်တွန်းထားသည်။

 

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အများပြည်သူဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ကို မဟာဗျူဟာ တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်ခြင်း ကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်ခဲ့ ကြောင်း၊ အများပြည်သူသွားလာနေသည့် ဈေးနှင့် သာသနိက အဆောက်အဦများကို ရည်ရွယ်ချက် ရှိရှိဖြင့် လေကြောင်းမှတိုက်ခိုက်နေသည့်အပေါ် အပြင်းအထန်ရှုံ့ချပါကြောင်း NUG အစိုးရ ထုတ်ပြန် ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *