Sagaing News

0 0
Read Time:3 Minute, 15 Second

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် ကင်းလှည့်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၁၀ လုံးခန့်မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

မတ်လ ၁၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် ကင်းလှည့်စစ်ကြောင်းနှင့် စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၁၀ လုံးခန့်မီးလောင်ပျက်စီးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

မတ်လ ၁၅ ရက် ည ၈ နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှ ခြေလျင် ထွက်လာသော စစ် သားများကို နတ်ရေကန်နှင့် ရေပိုးစားကြား၌ ပဒေသာမိုင်း ၄ လုံးတစ်ပွိင့်၊ ၂ လုံး ၁ ပွိင့်တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ မတ်လ ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့ထဲမှ ထွက်လာသော သံပြားကာ စစ် ကား ၇ စီးအနက် နောက်ဆုံးမှလိုက်ပါလာသော သံပြားကာကားကို နတ်ရေကန်နှင့် ရေပိုးစားကြား ၌ ပဒေသာမိုင်း ၂ လုံး ၁ ပွိုင့်ဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နတ်ရေကန်ကနေ အရှေ့ဘက်ကို ခြေလျင်ထွက်လာတဲ့ ခြေလျင်စစ်ကြောင်းက ကင်းထွက်တဲ့သ ဘောပါ၊ မုံရွာမြို့ထဲကနေ ထွက်လာတဲ့ ယာဉ်တန်းက စစ်ကိုင်းတပ်မ ၃၃ အထိသွားပါတယ်။ နတ်ရေ ကန် အထိုင်စခန်းကို အန်စာတုံး ကား ၁ စီး ၊ ၆ ဘီးကား ၁ စီးနဲ့ ဒရုန်း ၂ စင်း၊ စက်တပ်လေထီး (Paramotor) ၁ စီး အင်အားထပ်ဖြည့်ပေးခဲ့တယ်။ စခတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျ မသိရသေးပါဘူး” ဟု People’s Defence Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ဗျူဟာအမှတ် ၆၄ ၊ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ် ကင်းပုန်းများနှင့် ဂွေးပင်တောဂိတ်စခန်းရှိ စစ်သားများမှ လက်နက်ကြီး ၊လက်နက်ငယ်များဖြငု့် ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မတ်လ ၁၅ ရက် ညပိုင်းက ဂွေးပင်တောကျေးရွာ၌ အထိုင်ချထားသော စစ်တပ်ဂိတ်မှ အနီးအနားရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်ထုပ်တောကျေးရွာအနီးရှိ တောတဲတိုက် အတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁၀ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *