စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က ထပ်မံဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့် ဒဏ်ရာရရှိ
သံလွင်မြန်မာသတင်း
မတ်လ ၁၇
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည် သူများထံက သိရသည်။
ယနေ့မတ်လ ၁၇ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ သင်ဇာ ဆန် စက် နောက်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ထပ်မံ ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးကာ ၆ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ ညနေ ၆ နာရီ ၄၅ မိနစ်လောက် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၊ သင်ဇာဆန်စက်နောက်ကို ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာ၊ ကနဦး ပြည်သူ ၃ ဦးသေဆုံးတာ အ တည်ပြုပြီးပြီ။ ၆ ဦးလောက်ဒဏ်ရာရရှိတယ်လို့တော့ သတင်းရထားတယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။
မတ်လ ၁၄ ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုက အဆိုပါ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၄ လသား ကလေးသူငယ် ၁ ဦးအပါအဝင် ကလေးသူငယ် စုစု ပေါင်း ၆ ဦးနှင့် အရွယ်ရောက်ပြီးသူ အရပ်သားပြည်သူ ၂၁ ဦး စုစုပေါင်း ၂၇ ဦးသေဆုံးပြီး အများ အ ပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media