ဝမ်းတွင်းလေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်ကြပ် ၁ ဦးနှင့် ခလရ ၂၅၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦး အလင်းဝင်၊ လက်နက်ခဲယမ်းယူဆောင်လာသည့် တပ်ကြပ်ကို တံတားဦးမြို့နယ်တွင် လက်နက်ခဲယမ်းဖြင့် တပ်ကြပ်ကို ငွေကျပ် ၂၅ သိန်းဆုချီးမြှ့င်
သံလွင်မြန်မာသတင်း
မတ်လ ၁၇
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်မှ တပ်ကြပ် ၁ ဦးနှင့် ခလရ ၂၅၃ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး အလင်းဝင်ခဲ့ပြီး လက်နက်ဖြင့်အလင်းဝင်လာသည့် တပ်ကြပ်ကို ငွေကျပ် ၂၅ သိန်း ဆုချီးမြှင့်ပေးခဲ့ကြောင်း တံတားဦးမြို့နယ် ပကဖထံမှ သိရသည်။
မတ်လ ၁၃ ရက်နေ့က ဝမ်းတွင်းမြို့နယ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် အမှတ် ၂၀၂၇ မိုင်းမောမှ တက အောင်မိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသ၊ ကျောက်ဆည် ခရိုင်၊ တံ တားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) သို့ ဆက်သွယ်ကာ MA1 အမျိုး အ စားသေနတ် ၁ လက် ၊ ကျည် ၁၆၂ တောင့်၊ ဗုံးသီး ၂လုံး၊ နင်းမိုင်း ၁ လုံး၊ G3 ကျည် ၁၀တောင့်၊ MA1 ကျည်ဘောက် ၃ ဘောက်တို့နှင့်တကွ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထို့အတူ စလင်းမြို့နယ်၊ အခြေစိုက် ခလရ ၂၅၃ တပ်ရင်းမှ စစ်မှုထမ်းတသ ကျော်အောင်နှင့် ဗြား ကြီး တို့သည်လည်း စစ်ကောင်စီတပ်မှ လက်နက်မပါ ကိုယ်လွတ်ရုန်းကာ ထွက်ပြေးလာပြီး တံတား ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။
“လက်နက်နဲ့တကွ အလင်းဝင်လာတဲ့တပ်ကြပ်ကိုတော့ ဂုဏ်ပြုငွေ ၂၅သိန်း နဲ့ တပ်သားနှစ်ဦးကို တော့ ဂုဏ်ပြုငွေ ၂ သိန်းခွဲစီ ချီးမြှင့်ထားပါတယ် ဒါက ကျနော်တို့အဖွဲ့က တတ်နိုင်သလောက် ချီး မြှင့်တဲ့ သဘောပါ။ ခရိုင်၊ တိုင်း အဆင့်ဆင့်ကလည်း သူတို့အတွက် ချီးမြှင့်ငွေတွေနဲ့ ထပ်ပြီး ဂုဏ်ပြု ဦး မှာပါ။ တပ်သားကျော်အောင်က ၂၀၂၄၊ ဇွန်လမှာ အလုပ်ကနေ အပြန် ပေါ်တာဆွဲခံရတာဖြစ်ပြီး တပ်သားဗြားကြီးကတော့ ၂၀၂၄၊ မေလ မှာ အလုပ်ကို အသွား မနက်ခင်းမှာ ပေါ်တာဆွဲခံခဲ့ရတာလို့ သိရပါတယ်” ဟု တံတားဦးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးကို တံတားဦးမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့ (တံတားဦး ပကဖ) က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ထိုက်သင့်သော ချီးမြှင့်ငွေများ ပေးအပ်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေ များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ပြည်သူ့ကိုမျက်နှာမူပြီး အတတ်နိုင်ဆုံး ရုန်းထွက်ခဲ့ကြပါ။ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ့ရင်ခွင်က အမြဲကြိုဆိုလျက်ရှိပါတယ်။ အမှားကို အချိန်မီသိပြီး အမှန်ကိုရောက်အောင် အမြန် ဆုံး ကြိုးစားပြင်ဆင်ကြဖို့ ပြောချင်ပါတယ်။ မြေပြင်က စစ်သားတွေသာ ပြည်သူ့မျက်နှာကို ရှေးရှုပြီး၊ ပြည်သူ့သစ္စာကို စောင့်သိကြမယ်၊ နားလည်ကြမယ် ဆိုရင် စစ်ကောင်စီရဲ့ အထက်အဆင့်ဆင့်က ဘယ်လိုညွှန်ကြားချက်တွေ ပေးနေနေ ပြည်သူတွေ အခုလို ဒုက္ခရောက်မှာ မဟုတ်ပါဘူး။ အခုတော့ စစ်ကောင်စီဘက်မှာ အထက်က ခိုင်းလို့ လုပ်ရတာ ဆိုပြီး ရှေ့တန်းမြေပြင်က စစ်သားတွေက ပြည် သူအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြတယ်။ ဒါကြောင့် အမိန့်ပေးသူရော၊ ကျူးလွန်သူရော တချိန်မှာ ကျူးလွန်ခဲ့သမျှအတွက် ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ခံကြရမှာပါ။ ကိုယ်တိုင် ဆန္ဒမပါဘဲ အ မိန့်အရ လုပ်နေရတာပါဆိုတဲ့ စကားထက် ကြိုးစားရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလုံလာခြင်း ကသာ ပိုပြီးတန်ဖိုးရှိပါလိမ့်မယ်” ဟု တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန် ရှိသူတစ်ဦးက တိုက်တွန်းပြောကြားသည်။
Thanlwin Myanmar Media