မုံရွာမြို့၊ စက်မှုဇုံလမ်းဆုံ၌ ဆက်ကြေးကောက်နေသော စစ်သား၊ ရဲ ၊ ပျူစောထီးများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံလမ်းဆုံ၌ ဆက်ကြေးကောက်နေသော စစ်သား၊ ရဲ၊ ပျူစောထီးများ ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၂ ၊ နတ်ဆိုးတပ်ရင်းထံမှ သိရ သည်။
မတ်လ ၁၄ ရက် နံနက် ၁၁ နာရီ ၁၆ မိနစ်က မုံရွာမြို့၊ ရွာထောင်ရွာ၌ တပ်စွဲထားသော စစ်သား၊ ရဲ ၊ ပျူစောထီး ၁၁ ဦးသည် စက်မှုဇုံလမ်းဆုံ၌ ကား၊ ဆိုက်တွဲများကို အနိုင်ကျင့်ကာ ဆက်ကြေးကောက် နေ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“နေ့စဉ် ဆက်ကြေးကောက်နေတာတော့မဟုတ်ဘူး။ သူတို့က ထင်တဲ့ရက်လာလာကောက်တာ၊ ဘယ်နေ့ရယ်လို့အတိအကျမရှိဘူး။ သူတို့က ၃ နေရာခွဲပြီးတော့ ကောက်တာ၊ စက်မှုဇုံငြိမ်းချမ်းရေး လမ်းဆုံမှာက ၅ ယောက်ကောက်တာ၊ ပြီးတော့ သူနဲ့မီတာ ၂၀၀ လောက်အကွာအဝေးရှိတဲ့ ပေါက် ကြီးကုန်းက ဆိုင်မှာက ၃ ယောက်ကောက်တာ၊ ပြီးကျတော့ ငြိမ်းချမ်းရေးလမ်းဆုံကနေ မီတာ ၂၀၀ လောက်ပဲ အကွာအဝေးရှိတဲ့ ရွှေခြင်္သေ့မင်းဆန်ခေါက်ဆွဲစက်ဆိုတဲ့ နေရာနားလေးမှာ ၃ ယောက်က တစ်ဖွဲ့က ကောက်တာ၊ ကျနော်တို့ ၃ နေရာစလုံးဝင်ပစ်တာ၊လဲကျသွားတဲ့သူတွေလည်းတွေရတယ်။ ဝင်ပစ်တာ သိပ်မကြာလိုက်ဘူး။ စက္ကန့်ပိုင်းလေးပဲ ပစ်ပြီး ဆုတ်ပြေးခဲ့ကြတာ” ဟု မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြာသးည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘ ပြည်သူ များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအနီး သွားလာနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
Thanlwin Myanmar Media