ကျွန်းစုမြို့နယ်၊ ဝန်တောင်စုကျေးရွာအနီးတွင် ရေကြောင်းကင်းလှည့်စစ်သားများနှင့် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
မတ်လ ၁၅
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာအနီးတွင် စစ်ကောင်စီရေကြောင်းကင်းလှည့် စစ် သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။
မတ်လ ၁၃ ရက် ည ၇ နာရီခန့်က ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာဘက်သို့ ကျွန်းစုမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ တပ်ဖွဲ့ဝင်များသည် ခရီးထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်လာစဉ် မိုင်းတွေးကျေးရွာမှ ပျူစောထီးများ၊ ရှော်တော်မော်ကျေးရွာဖက်မှ တက်လာ သော စစ်ကောင်စီ (ရေ) တပ်မှ 114 စစ်သင်္ဘော အပါအဝင် သင်္ဘော ၂ စီး၊ သားပေါက် ၂ စီး ၊ မိုင်း တွေးကျေးရွာမှ ပျူစော ထီးပိုင် ဖိုင်ဘာလှေငယ် ၃ စီးတို့နှင့်အတူ အင်အား ၆၀ ခန့်ရှိသော စစ် ကောင်စီ၏ ရေကြောင်းကင်းလှည့်တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် အနည်းငယ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ သိရှိရခြင်း မရှိသေးကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Mdedia