အောင်လံမြို့နယ်သမ္ဘူလကျေးရွာအနီး ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၁၅
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာအနီး ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၉ဝ၂ တပ်ရင်း ထံမှ သိရသည်။
မတ်လ ၁၃ ရက် ည ၈ နာရီ မိနစ် ၄၀ မိနစ်က အောင်လံမြို့အခြေစိုက် ၊ ကပစ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်သည် သမ္ဘူလတိုက်နယ်အတွင်းသို့ ခြေလျင်ကင်းပတ်ထွက်လာခဲ့ရာ ဖောင် ရိုး – အင်းကြီး -ကျွဲခေါင်းကျေးရွာလမ်းဆုံအရောက် ၉ နာရီ ၄ မိနစ် အချိန်မှ စ၍ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်သား ၃ ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရ ၁ ဦးအပါအဝင် စုစုပေါင်း ၇ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကပစ ၁၅ မှ စစ်ကူများ ထပ်မံရောက်ရှိလာသဖြင့် ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာမှ ၅.၅၆ ကျည် ၅၂ တောင့်၊ MA2 ကျည်ဘောက် ၁ ဘောက်နှင့် ဦးထုပ် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း (၉ဝ၂) ၊ နေပြည်တော်တပ်ရင်း (၈ဝ၄) ၊ သရက်ခရိုင် အ မှတ် (၁) တပ်ရင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF) နှင့် အောင်လံ ပ.က.ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media