ရှမ်းမြောက်၌ KIA နှင့် TNLA ကြား နယ်မြေအငြင်းပွားအပေါ် ပြည်သူလူထု တရပ်လုံးက စိုးရိမ်ပူနေကြပြီး နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်းကြရန် NUG တိုက်တွန်း
သံလွင်မြန်မာသတင်း
မတ်လ ၁၄
ရှမ်းမြောက်၌ KIA နှင့် TNLA ကြား နယ်မြေအငြင်းပွားအပေါ် ပြည်သူလူထု တရပ်လုံးက စိုးရိမ်ပူနေ ကြပြီး နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်း ကြရန် NUG တိုက်တွန်းလိုက်သည်။
ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ ကြောင့် ဒေသခံပြည်သူများ သာ မက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံး အကြားတွင် စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
တော်လှန်ရေး အဖွဲ့ အစည်းအားလုံးသည် ပြည်သူလူထု၏ လိုလားဆန္ဒကို ဖြည့်ဆည်းနိုင်ရေး ကြိုး ပမ်းနေကြသူများပီပီ ပြည်သူများ၏ စိုးရိမ်သောကများ လျော့ကျစေရေး ဖြေလျော့ဆောင်ရွက်ပေးရန် လည်း အထူးတာဝန် ရှိသည့် အလျောက် နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက် ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းနှင့် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ် ထားကြကြောင်းကို ကြား သိရသည့်အတွက် အထူးကြိုဆိုပါကြောင်း NUG ၏ တိုက်တွန်းချက်တွင် ဖော်ပြထားသည်။
အဖက်ဖက်က အင်အားချိနဲ့ အရေးနိမ့်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီအဖို့ တော်လှန်ရေး အင် အားစုများအကြား သပ်လျှိုသွေးခွဲရေးသည် ၎င်းတို့၏ အဓိကဗျူဟာ ဖြစ်လာသည်ဆိုသည့် အချက် ကိုလည်း အားလုံး သတိပြုပြီးဖြစ်ကြောင်း၊ လတ်တလော ပေါ်ပေါက်သော အောက်ခြေ ပွတ်တိုက်မှု များမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်း ဆောင်များအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ နှစ်ဖက်မျက် နှာချင်း ဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည် ဟု လည်း နားလည်ပါကြောင်း ဆက်လက် ဖော်ပြထားသည်။
ယခု ရက်ပိုင်းအတွင်းတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ် ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကို ရယူမည်ဟု ဖော်ပြလာခြင်းများ သည် အပြုသဘောဆောင်ပြီး ပြည်သူကိုမျက်နှာမူလျက် အရေးကိစ္စများကို ဖြေရှင်းကြမည့် ပြယုဂ် များဖြစ်ကြလေရာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုပါကြောင်း အသိပေးထားသည်။
ပြည်သူကို အဓိကထား၍ တိုင်တည်ဆောင်ရွက်ကြသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်သည့် အားလျော်စွာ ပြည်သူကို မျက်နှာမူသည့် နည်းနာများဖြင့်သာ မိမိတို့၏ ကြုံတွေ့နေရသည့် အခက် အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်သကဲ့သို့ ပြည်သူက လိုလားတောင့်တလျက်ရှိသည့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု ပန်းတိုင်ကို အရောက်ချီတက်နိုင်မည် ဖြစ်ပါကြောင်းနှင့် နိုင်ငံရေးကိစ္စ များကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ကြရာတွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လိုအပ်သလို ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း တိုက်တွန်းထားသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အ တိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ချင်းညီနောင်အဖွဲ့တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် “တော်လှန်ရေးအင်အားစုများ အချင်းအချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ် ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်သွားကြမည်” ဟု ဖော်ပြထားသည်။
KIO/KIA နှင့် PSLF/TNLA တို့၏ ကာလရှည်ကြာ တည်တံ့နေသည့် ထာဝရ မဟာမိတ်စာချုပ်ပါ သဘောတူညီချက်ရှိထားပြီးဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးခေတ်တွင် စစ်အာဏာရှင်အား ဘုံရန် သူ အဖြစ်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအား ဘုံရည်မှန်း ချက်အဖြစ်လည်းကောင်း တော်လှန်ရေးအင်အားစုများအကြား ထပ်တူထပ်မျှ မှတ်ယူထားပြီးဖြစ် သည်ဟုဆိုသည်။
တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ ကြိုးပမ်းမှုများကြောင့် ယနေ့ဆိုလျှင် ဒေသအလိုက် စစ် ကောင်စီ ကင်းစင်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သကဲ့သို့ စစ်အာဏာရှင် ကျဆုံး ၍ တနိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာ လိုတော့သည့် အချိန်သို့ ရောက်ရှိနေပြီလည်း ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media