ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်-မှူး-ကြီး -သိန်းဟန်နှင့်တွေ့ဆုံရန် လိုက်သွား သည့် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင် သတ်ဖြတ်ခံရ၊ ကျူးလွန်သူများကိုအား ဖော်ထုတ်အရေးယူပေးပါရန် နေပြည်တော်တိုင်းစစ်ဌာနတောင်းဆို
သံလွင်မြန်မာသတင်း
မတ်လ ၁၄
ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်-မှူး-ကြီး -သိန်းဟန်နှင့်တွေ့ဆုံရန် လိုက်သွား သည့် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံလိုက်ရကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၊ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်သည်။
မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီက နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်-မှူး-ကြီး သိ-န်း-ဟန် နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ် (၆) မြို့နယ် ဒုတပ် မဟာမှူးဖိုးခွား မှ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ အခြေအနေ အကြောင်းအရင်း သိရှိနိုင်ရန် ကယန်းပြည်သစ် တပ်မတော်ဘက်သို့ နေပြည်တော်တိုင်း စစ်ဌာနမှ မတ်လ ၇ ရက်နေ့တွင် စာအမှတ် (၀၀၈/၂၀၂၅) နပတ (ဦးစီး) ဖြင့် စာထုတ်၍အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိကြောင်း၊ ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံ ဆွေးနွေး ရန် ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိကြောင်း သိရ သည်။
မတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ် ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်း ထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေတစ်နေရာ၌ တော်လှန်ရေး ဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ၏ ရုပ်အလောင်းကို လူသားမဆန် စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာ ဖြင့် ရှာဖွေတွေ့ရှိခဲ့ရသည်ဟု ဆို သည်။
ရဲဘော်ကိုစိုင်း လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်အပေါ်တွင် ကယန်းပြည်သစ် တပ်မတော်မှ တာဝန်အပြည့်ရှိကြောင်းနှင့် ဦးဆောင်စေခိုင်း ကျူးလွန်သူများကိုလဲ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်ပေးရန် အောက်ပါအချက်များ ထုတ်ပြန်ထားသည်။
၁ ။ ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( ၃ )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်
၂။ အမိန့်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်
၃။ တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန်
ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန နှင့်ဗျူဟာတပ်ရင်း တပ်ဖွဲ့များအားလုံးမှ ဤကဲ့သို့သဘောထားထုတ်ပြန် လိုက်ကြောင်း ဖော်ပြထားသည်။
Thanlwin Myanmar Media