NUG News

0 0
Read Time:6 Minute, 43 Second

ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ပအိုဝ်းလူထုအများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး အသုံးချခံလိုဖြစ်နေတာတွေ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

 

သံလွင်မြန်မာသတင်း

မတ်လ ၁၄

 

ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ပအိုဝ်းလူထုအများသည် စစ်အာဏာရှင်စနစ် သက် ဆိုးရှည်စေရေး အသုံးချခံလိုဖြစ်နေတာတွေ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ကျင်းပသည့် ၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအသစ်တွေနဲ့ ယခင်က လူမျိုးစုတော် လှန်ရေးအဖွဲ့တွေပေါင်းစပ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် ဖြိုဖျက်နေကြတာဖြစ်ပါတယ်။ အဲသည့်လို စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်တဲ့နေရာမှာ – တစ်တပ်တစ်အား ပါဝင်နေတဲ့ ပအိုဝ်းအင်အားစုတွေ ရှိသလို၊ အကြမ်းဖက် စစ်အာဏာရှင် နဲ့ ဆက်ဆံရေးခိုင်ခိုင်မာမာ ရှိနေတဲ့ ပအိုဝ်းအမျိုးသားရေး ခေါင်းဆောင်တချို့လည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဘာသာတရားကိုင်းရှိုင်းပြီး ရိုးသားဖြောင့်မတ်တဲ့ ပအိုဝ်းလူထုအများစုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် အသုံးချ ခံ လို ဖြစ်နေတာတွေ့ရလို့ အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

ယနေ့ ၇၆ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်တို့က ဦးဆောင်ကာ ကျင်ပခဲ့ခြင်းဖြစ်ပြီး ဦးဆောင် ကျင်းပသူ ပအိုဝ်းခေါင်းဆောင်များ၊ ပအိုဝ်းနိုင်ငံရေးကို ဦးဆောင်နေသူများကလည်း ပအိုဝ်းလူမျိုး သား စစ်အာဏာရှင်သက်ဆိုးရှည်စေရေး အသုံးချခံဖြစ်နေသည်ကို နားလည်သဘောပေါက်ထားပြီး ကြသူများဖြစ်ကြောင်း အသိပေးထားသည်။

 

“ကျွန်တော်တို့အနေနဲ့ ပအိုဝ်းလူမျိုးတွေကို စစ်ကောင်စီရဲ့ အသုံးချခံအဖြစ်က ရုန်းထွက်နိုင်အောင် ယခု ထက်ပိုပြီး ကြိုးစားဖို့ လိုတယ်လို့ ယူဆပါတယ်။ အဲသည့်လို ကြိုးစားတဲ့နေရာမှာ နိုင်ငံရေး အရ လည်း ကြိုးစားဖို့လိုသလို၊ လူထုလှုပ်ရှားမှုအနေနဲ့လည်း ကြိုးစားဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း မြေပြင်မှာ အခြေခံအင်အားကို ခိုင်မာစွာ တည်ဆောက်နိုင်ရေးကို စနစ်တကျ လုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။ စစ်ကောင်စီနဲ့ ပလဲပနံသင့်နေတဲ့ ပအိုဝ်းအမျိုးသားခေါင်းဆောင်တချို့ကို အမြင်မှန်ရ လာအောင် လူထုနည်း / နိုင်ငံရေးနည်းတွေနဲ့ စည်းရုံးလှုံ့ဆော်သင့်ကြောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

 

စစ်ကောင်စီတပ်က ပြုန်းတီးသွားသည့်အင်အားများကို ပြန်လည် အစားထိုးနိုင်ရန် ပအိုဝ်းကျေးရွာ များ ရွာအလိုက် လူအင်အားစုဆောင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေကြောင်း၊ ထိုသို့ လုပ် ဆောင်နေကြသည့် ပအိုဝ်းခေါင်းဆောင်များ၏ လုပ်ရပ်ကို နိုင်ငံရေးအရ ကန့်ကွက်ရှုတ်ချရမည် ဖြစ် ကြောင်း တိုက်တွန်းထားသည်။

 

“ပအိုဝ်းလူထုကို အသုံးချ၍ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရေးဗျူဟာခွင်ထဲတွင် ကြား ညှပ်အောင် လုပ်မှုသည် နိုင်ငံရေးအရ မဖြစ်သင့်သလို လူမျိုးရေးအရလည်း သစ္စာမဲ့လွန်းလှတယ်လို့ ယူဆပါ တယ်။ ဒါကို ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေထဲမှာ ပါဝင်နေတဲ့ ပအိုဝ်းနိုင်ငံရေး ခေါင်းဆောင် တွေက အလေးအနက်ထား တန်ပြန်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ တစ်ဖက်မှာ လည်း ပအိုဝ်းအမျိုးသားရေးမှာ ယခုထက် ပိုမိုကျစ်လစ်ခိုင်မာတဲ့ အမျိုးသားရေးလမ်းစဉ် တွေကို ချမှတ်ပြဋ္ဌာန်းနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ လူမျိုးစုတော်လှန်ရေးမှသည် အထွေထွေ လူထု တော် လှန်ရေးဆီသို့ ဦးတည်ကြဖို့ လိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးက ပြောကြားသည်။

 

ထို့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးမှသည် အမျိုးသားတန်းတူညီမျှရေးကို တည်ဆောက်နိုင် သည့် ပြည်ထောင်စုသစ်ဆီကို ရည်မျှော်ရန်လိုအပ်ကြောင်း၊ ပအိုဝ်းအမျိုးသားတစ်ရပ်လုံးသည် တော် လှန်ရေးကာလတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေသလို တည်ဆောက်ရေးကာလတွင်လည်း အ ရေး ကြီးသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လာ နိုင်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

 

“တော်လှန်ရေးဆိုတာ “ဖြစ်စဉ်သဘော” ဖြစ်တာကြောင့်၊ တော်လှန်ရေးရဲ့ ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်း မှာ လိုက်ပါကူးပြောင်း တာဝန်ယူနိုင်ဖို့အတွက် ပအိုဝ်းအမျိုးသားတစ်ရပ်လုံးရဲ့ အမျိုးသား ရေးကိုယ်ခံ အား ကြံ့ခိုင်နေဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသားရေးကိုယ်ခံအား ကြံ့ခိုင်ဖို့ ဆိုတဲ့နေရာမှာ စစ်ရေး အရလည်းကောင်း/ နိုင်ငံရေးအရလည်းကောင်း/ ပညာရေးနဲ့ စာပေယဉ်ကျေးမှုအရလည်း ကောင်း – တိုးတက်သထက် တိုးတက်အောင် လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်မာသော ပအိုဝ်း အမျိုး သားရေးလက္ခဏာတွေကို တစ်ခုတည်းသော နိုင်ငံရေးတပ်ဦးရဲ့ ထီးရိပ်အောက်မှာ ဖွံ့ဖြိုး စေဖို့ အထူးလိုအပ်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်ကာလအပါအဝင် အနာဂတ်ပအိုဝ်းအမျိုးသားရေးအတွက် နိုင်ငံ ရေးတပ်ဦးဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် တို့သာ ဖြစ်သင့်ကြောင်း လေးနက်စွာ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *