International News

0 0
Read Time:4 Minute, 15 Second

မြန်မာနိုင်ငံ၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းချခံထားရသူများ လွတ်မြောက်ရေး၊ ဖိနှိပ်အကြမ်းဖက်ခံ နေရသည့် အမျိုးသမီးခေါင်းဆောင်များကို ပံ့ပိုးကူညီပေးရေး အတူတကွလုပ်ဆောင်ပေးကြရန် ကုလ သမဂ္ဂအစည်းအဝေး၌ တိုက်တွန်း တောင်းဆို

 

သံလွင်မြန်မာသတင်း

မတ်လ ၁၃

မြန်မာနိုင်ငံ၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းချခံထားရသူများ လွတ်မြောက်ရေး၊ ဖိနှိပ်အကြမ်းဖက်ခံ နေရသည့် အမျိုးသမီးခေါင်းဆောင်များကို ပံ့ပိုးကူညီပေးရေး အတူတကွလုပ်ဆောင်ပေးကြရန် ကုလ သမဂ္ဂအစည်းအဝေး၌ CRPH အဖွဲ့ဝင်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဌက တိုက်တွန်း တောင်းဆိုခဲ့ကြောင်း သိရသည်။

 

မတ်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုင်ငံတကာပါလီ မန်များအဖွဲ့ (IPU) နှင့် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (UN Women) တို့က ပူးပေါင်းကျင်းပခဲ့သည့် “Parliaments and Beijing +30: Resisting the Backlash and Shifting Paradigms Towards Gender Equality” လွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ပြောကြားခဲ့ခြင်းဖြစ် သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခဲ့ပါကြောင်း၊ အကြမ်းဖက်စစ်တပ်အနေဖြင့် လွှတ်တော်အဆောက်အအုံကိုသာ သိမ်းနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို အခြေပြုသည့် စစ်မှန်သော အာဏာကို သိမ်းယူနိုင်ခဲ့ခြင်းမရှိပါကြောင်း ထောက်ပြထားသည်။

 

ထို့ပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ ခေါင်း ဆောင်များကို ဖမ်းဆီးခဲ့သဖြင့် ဒီမိုကရေစီဖြစ်စဉ်များအားလုံးကို ရပ်တန့်စေခဲ့ပြီး အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအရှိန်အဟုန်ကို ပြောင်းပြန်ဖြစ်စေခဲ့ပါကြောင်း၊ စစ်တပ်၏ အမျိုးသမီးခေါင်း ဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းဦးဆောင်သူများကို ရပ်တန့်စေခြင်းသည် ကျား မ အခြေပြု အကြမ်းဖက်မှုများကို တိုးမြင့်စေခဲ့ပြီး ဆုံးဖြတ်ချက်ပြုမှုကဏ္ဍတွင် အမျိုးသမီးများ၏ အသံများကို တိတ်ဆိတ်စေခဲ့ကြောင်း CRPH အဖွဲ့ဝင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းက ပြောကြားသည်။

 

ထို့ပြင် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု၊ အမျိုးသမီးဦးဆောင်လှုပ်ရှားမှုများ၊ ကျားမတန်းတူညီ မျှကိုလည်း ကန့်သတ်တားဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းချခံ ထားရသူများ လွတ်မြောက်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ဖိနှိပ်အကြမ်းဖက်ခံနေရသည့် အမျိုးသမီး ခေါင်းဆောင်များကို ပံ့ပိုးကူညီပေးရေး၊ အမျိုးသမီးများ၏ နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်ပေး နိုင်ရေးတို့တွင် အတူတကွလုပ်ဆောင်ပေးကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။

 

ယင်းအစည်းအဝေးအား ဘေကျင်းကြေညာချက် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘေဂျင်းကြေ ညာချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုကို မြှင့်တင်ခြင်းတွင် လွှတ်တော်များ၏ အခန်း ကဏ္ဍကို သုံးသပ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကျားမတန်းတူရေးနှင့် အမျိုးသမီးများအား နိုင်ငံ ရေး တွင် ပါဝင်မှုကို မြှင့်တင်နိုင်ရန် လွှတ်တော်ကဏ္ဍက ဆောင်ရွက်သင့်သည်များ ဆွေးနွေးဖလှယ်ခဲ့ ကြကြောင်း သိရသည်။

 

ယင်းအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်း များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *