CDM News

0 0
Read Time:3 Minute, 54 Second

နွားထိုးကြီးမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မတ်လ ၁၃

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းမှ စစ်မှုထမ်း တပ်သား ၅ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ပထမ ပတ်အတွင်း နွားထိုးကြီးမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ယင်းစစ်ကြောင်းအတွင်းမှ စစ်မှုထမ်း တပ်သားများ ဖြစ်သည့် တပ်သားမြင့်နိုင်၊ တပ်သား‌အောင်နိုင်မိုး ၊ တပ်သား ထက်အောင် ၊ တပ်သား ဝင်းနောင် နှင့် တပ်သားဇော်မျိုးနိုင်တို့ ၎င်းတို့ကိုင်ဆောင်သော လက်နက်ခဲယမ်းများ ယူဆောင်ကာ အမှတ် ၁ စစ် ဒေသ မန္တလေးတိုင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ အမှတ် ၁ဝတပ်ရင်း Natogyi People Defence Force NPDFထံသို့ ဆက်သွယ်ကာ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းထဲကနေ အလင်းဝင်တာ၊ သူတို့ကတော့ စစ်မှုထမ်းနဲ့ ပေါ်တာဆွဲခံရတဲ့ ရဲဘော်တွေပါ၊ ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ခင်ကတည်း သူတို့က ထွက်ပြေးလာကြတာ။ သူတို့ကို ကျနော်တို့ဘက်က နွေးနွေးထွေးထွေးကြိုဆိုတယ်။ သူတို့ရဲ့မိသားစုဝင်တွေလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးတာ တွေလုပ်ပေးတယ်၊ လက်နက်နဲ့တကွအလင်းဝင်မယ်ဆိုရင် ဆုကြေးငွေချီးမြှင့်တာတွေရှိတယ်။ သယ် ဆောင်လာတဲ့ လက်နက်နဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုအပေါ်မှာ မူတည်ပြီး ဆုကြွေးငွေကတော့ ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက်ပေးနေတာတွေရှိပါတယ်။” ဟု မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ အလင်းဝင်လာခဲ့သူများသည် အကြမ်းဖက် စစ်ကောင်စီမှ အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီး ကာ စစ်မှုထမ်းတပ်သားများဖြစ် စုဆောင်းခံရသူများဖြစ်ပြီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၆ ကို တက်ရောက်ခဲ့ရကာ ခလရ ၂၃၅ တပ်ရင်း၌ တာဝန်ချခံရသူများဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ MA-3 အမျိုးအစား သေနတ် ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက်၊ 5.56 ကျည် ၆၀၀ တောင့်နှင့် ၆၀ မမကျည် ၁ လုံးဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အလင်းဝင်ရောက်လာသူ ၅ ဦးအား နွေးထွေးစွာ ကြိုဆိုပြီး လက်နက်ခဲယမ်းများပါ ယူဆောင်ပေး နိုင်ခဲ့သဖြင့် ချီးမြှင့်ငွေများ ပေးအပ်ကာ ၄င်းတို့၏ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင် ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

“နောက်ထပ်အလင်းဝင်မယ့် ရဲဘော်တွေကို တိုက်တွန်းချင်တာက မြန်မာပြည်အလယ်ပိုင်း ၊ မန္တလေး တိုင်းလိုနေရာမျိုးကို ထွက်ရတဲ့အခါမှာ သူတို့အတွက် ထွက်ပြေးရဖို့ အခွင့်လည်းသာတယ်၊ အခွင့် အ လမ်းတွေလည်း ရှိတယ်၊ ပြီးရင် ဘယ်ဘက်ကိုပဲ ထွက်ထွက်ကျနော်တို့က နီးစပ်ရာ တပ်ရင်း ၊ တပ်ဖွဲ့ တွေနဲ့ချိတ်ဆက်ပြီးတော့မှ အလင်းဝင်ကြဖို့နဲ့ ကျနာ်တို့ဘက်ကလည်း တတ်နိုင်သလောက် ဒါတွေကို ဆောင်ရွက်ပေးပါ့မယ်ဆိုတာ အထူးပြောချင်ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *