ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး အများအ ပြား ဒဏ်ရာရ
သံလွင်မြန်မာသတင်း
မတ်လ ၁၂
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Special Task Force Ngazun က ထုတ်ပြန် သည်။
မတ်လ ၁၀ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်က ငါန်းဇွန်မြို့နယ် ၊ ဂျိုကျေးရွာမှ ထော်လာဂျီ တစ်စီးပါ အင်အား ၅၀ ခန့်ရှိ ခြေလျင် စစ်တပ်စစ်ကြောင်းကို တောင်လယ်တောကျေးရွာနှင့် ရွာသာ ကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက် စိန်ပြောင်း မိုင်း ၁၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာစစ်သားများကို ကား ၄ စီးဖြင့် ဂွေးကုန်းကျေးရွာဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း ၊ တပ်ခွဲ ၃ – Special Task Force Ngazun တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media