Magway News

0 0
Read Time:2 Minute, 35 Second

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ စာသင်ကျောင်းပေါ်ကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကျောင်းသူ တစ်ဦး ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၁၂

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ စာသင်ကျောင်းပေါ်ကို စစ်တပ်က စက်တပ်လေထီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်း ရင်းမြစ်များထံမှ သိရဿည်။

 

ယမန်နေ့ မတ်လ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်က ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ စာသင်ကျောင်း ပေါ်သို့ ဆိပ်ဖြူမြို့နယ်အခြေစိုက်၊ ကပစ ၂၂ တပ်မှ တက်လာသော စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပေါ်သို့ ဗုံးသီး ၁ လုံး စာသင်ကျောင်းဘေးရှိ နေအိမ် ၁ လုံးပေါ်သို့ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲကာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ စာသင်နေသည့် ကျောင်းသူ မိန်းကလေးတစ်ဦး လည်း လက်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အထက ကျောင်းက အဲဒီရွာမှာပဲ ရှိလို့ ဘေးရွာက ကျောင်သား၊ ကျောင်းသူတွေပါ လာကြတာ။ ကျောင်းလာကြိုတဲ့သူတွေဆိုရင် စက်တပ်လေထီးသံကြားလို့ လမ်းဘေးထိုးရပ်ပြီး သစ်ပင်အောက် ဝင်ပုန်းနေကြရတာ၊ ကျောင်းဆင်းပြီစအချိန်လေးမို့ ကလေးတွေက ကပ်သီလေးလွတ်သွားတာ၊ ဗုံး သီးက ကျောင်းပေါ်တစ်လုံး၊ ကျောင်းတောင်ဘက်မှာရှိတဲ့ နေအိမ်ပေါ်တစ်လုံးကျကွဲတာ။ သေဆုံးတဲ့ အမျိုးသမီး ၂ ယောက်က အသက်တူတူလောက်ပဲလို့ သိရတယ်။တော်တော်ဆိုးပါ့ဗျာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများနှင့် တော်လှန်ရေးအင်အားများမှ ၂၂၇၇ ဦး ၊ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၁၃၉ ဦး နှင့် စက်တပ်လေထီးဖြင့် တိုက်ခိုက်မှုကြောင့် ၃၀ ဦး သေဆုံး ခဲ့ရာ စုစုပေါင်း သူ ၂၄၄၆ ဦးရှိသွားပြီဖြစ်ကြောင်း Spring Revolution Database – SRD ကနေ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *